မွန်ပြည်နယ်တွင် ကိုယ်ပိုင်ကားက တွဲကား၏ ဘေးကိုဝင်တိုက် ၂ ဦးဒဏ်ရာရ

0
141

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်ရှိ ရွှေအင်ဒုံကုန်းအတက်အနီးတွင် နိုဝင်ဘာ ၅ ရက်(ယနေ့)နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စုစည်းအားမာန်မှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၅ နာရီခွဲခန့်က ရွှေအင်ဒုံကုန်းတက်အနီးတွင် ကိုယ်ပိုင်ကားက တွဲကား၏ ဘေးအား ဝင်တိုက်မိခဲ့ကြောင်း သတင်းအရ ဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စုစည်းအားမာန်မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြု လုပ်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ကိုယ်ပိုင်ကားအားမောင်းလာသည့် အမျိုးသားနှင့်လိုက်ပါလာသည့် အမျိုးသမီးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဘီးလင်းမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“တွဲကားဘေးကိုဝင်တိုက်မိတာ ကားမောင်းတဲ့လူကတော့ မစိုးရိမ်ရဘူး အမျိုး သမီးကတော့ ခေါင်းကိုထိတာ စိုးရိမ်ရတယ် အခု ဆရာဝန်တွေကစစ်ဆေးပြီး ကုသပေးနေပါတယ်” ဟု ဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စုစည်းအားမာန် ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

Photo-ဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေအဖွဲ့စုစည်းအားမာန်


LEAVE A REPLY

Please enter your comment!
Please enter your name here