အမေရိကန်သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ထရမ့် တရားဝင်ကြေညာတော့မည်

0
178

ဒေါ်နယ် ထရမ့်သည် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည်ကို ယခုလအတွင်း ကြေညာသွားဖွယ်ရှိကြောင်း သတင်းမီဒီယာအများအပြားက ဖော်ပြခဲ့သည်။

ထိုသတင်းများမှာ သမ္မတဟောင်းက အိမ်ဖြူတော်သို့ ပြန်လည်ဝင်ရောက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု အရိပ်အမြွက် ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ငါတို့ တိုင်းပြည်ကြီး အောင်မြင် ဘေးကင်းပြီး ကြီးကျယ်ခမ်းနားလာအောင် နောက်တစ်ကြိမ် ထပ်လုပ်ဖြစ်မှာပါ-လုပ်မှာပါ။” ဟု ထရမ့်က ကြာသပတေးနေ့ညတွင် အိုင်အိုဝါပြည်နယ်ရှိ လူထုစည်းပွဲသို့ လာရောက်ကြသော ထောက်ခံသူများကို ပြောခဲ့သည်။

“အသင့်ပြင်ထားကြပါလို့ပဲ ပြောချင်ပါတယ်။ မကြာခင် ဖြစ်လာတော့မှာပါ၊ အသင့်ပြင်ထားကြပါ” ဟု ၎င်းက ဆိုသည်။

သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် တရားဝင်ကြေညာချက်ကို ထရမ့် မဲဆွယ်စည်းရုံးရေးဌာနမှ နိုဝင်ဘာလ ၁၄ မတိုင်မီ ကြေညာသွားနိုင်ကြောင်း အက်ဆီယို၊ စီအန်အန်၊ နူးယောက်တိုင်းမ် သတင်းဌာနတို့က အမည်မသိ သတင်းအရင်းအမြစ်များကို ကိုးကား၍ ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here