ထားဝယ်ဒေသ၏ ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်မှုလုပ်ငန်းများအတွက် မီးရထားလမ်းဖောက်လုပ်မည်

0
173

တနင်္သာရီတိုင်းသည် ရော်ဘာ၊ ငါးခြောက်၊ကျွန်းသစ်၊ သီဟိုဠ်စေ့နှင့် ကွမ်းသီးတို့လည်း ထွက်ရှိ ထုတ်လုပ်ပြီး တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံများသို့ ပြည်တွင်းကုန်သည်များကတင်ပို့​လျှက်ရှိသည်။

ထားဝယ်သည် နာနတ်သီး၊ သရက်သီးအမျိုးမျိုး၊ မန်ကျည်းသီးနှင့် ဒူးရင်း စသည့် အပူပိုင်းဒေသထွက် အသီးအနှံမျိုးစုံကြောင့်လည်း လူသိများသလို သမိုင်းနှင့် ဓလေ့ထုံးတမ်းများ၊ ဂေဟစနစ်၊ယဉ်ကျေးမှုများနှင့်အပူပိုင်း​ဒေသ ကမ်း​ခြေအလှ ၏ဆွဲ​ဆောင်မူ​ကြောင့် နိုင်ငံခြားသားများ စိတ်ဝင်စားသည့်​​ဒေသဖြစ်သည်။

ထိုဒေသသို့​ရောက်ရှိ​နေ​သော နစက ဥက္ကဌ ကထားဝယ်ခရိုင်အတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်  နိုဝင်ဘာ ၄ ရက်မွန်းလွဲပိုင်းက တွေ့ဆုံစဥ်တွင် ​ဒေသတွင်း ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်​ရေးလမ်း​ကြောင်း များနှင့်ဆက်စပ်ပြီး ပြောကြားခဲ့သည်။

ထားဝယ်ဒေသသို့ နယ်စပ်မှတစ်ဆင့် ပြည်ပခရီးသွားများ ဝင်ရောက်လျက်ရှိသဖြင့် မိမိတို့ဒေသ၏ သန့်ရှင်းသာယာလှပရေးအား ဒေသတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ဒေ သခံများက ဝိုင်းဝန်းဆောင်ရွက်​နေမူ၊ ရပ်ရွာ​အေးချမ်းမူတို့ကို နစက ဥက္ကဋ္ဌက “နယ်မြေတည်ငြိမ်အေးချမ်းမှသာ ဒေသကိုလာရောက်တဲ့သူ များလာမှာဖြစ်တဲ့အတွက် နယ်မြေဒေသအေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်လည်း ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ် အိမ်သာမှသာ ဧည့်လာမှာဖြစ်ပါတယ်”ဟုအကြံပြုခဲ့သည်။

“ခရီးသွားလုပ်ငန်းနဲ့ကုန်သွယ်မှုလုပ်ငန်းတွေ လွယ်ကူလျင်မြန်ချောမွေ့စေဖို့အတွက် ထားဝယ်ဒေသကို မီးရထားလမ်းဖောက်လုပ်နိုင်ဖို့ ကြိုတင် ပြင်ဆင်စီမံဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်၊

ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရန်  ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်းဒေသတွင်းနေ ထိုင်သူများက အောင်မြင်အောင်ဆောင်ရွက်ဖို့ အကြံပြုအား​ပေးခဲ့ သည်။

“လိုအပ်တဲ့ ပံ့ပိုးမှုတွေကို နိုင်ငံတော်ကဆောင်ရွက်ပေးသွားမှာဖြစ်လို့ ကုန်ထုတ်လုပ်မှုတွေတိုးတက်စေဖို့အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌက တိုက် တွန်းမှာကြားခဲ့သည်။

နစက ဥက္ကဌ သည် ထားဝယ်တွင် ကြီးပြင်းခဲ့​သော ​ဒေသခံတစ်ဦးလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here