သရဲကြီးညအဖြစ်အပျက်ပြီးနောက် တောင်ကိုရီးယား၏လူထူထပ်သောမြေအောက်ရထားများအား စတင်ထိန်းချုပ်ကြည့်ရှုမည်

0
262

ဆိုးလ်၊နိုဝင်ဘာ ၄

လူပေါင်း ၁၅၀ ကျော်သေဆုံးသည်အထိဖြစ်ခဲ့သော သရဲကြီးညအဖြစ်အပျက်ပြီးနောက် တောင်ကိုရီးယား၏လူထူထပ်သည့် မြေအောက်ရထားများအား စတင်စောင့်ကြည့်ထိန်းချုပ်မှုကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

ကိုဗစ်စည်းမျဉ်းများကြောင့် သုံးနှစ်နီးပါးအိမ်တွင်းအောင်းနေရပြီးနောက် ပထမဆုံးအကြိမ်ကျင်းပသည့် သရဲကြီးညပွဲတော်သည် လူပေါင်းရာချီသေဆုံးသည်အထိဖြစ်စေခဲ့သည်။အီထယ်ဝမ်သို့လူငယ်ထောင်ပေါင်းများစွာ လာရောက်ရာမှ လူအုပ်ပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဒီလိုအလားတူဖြစ်ရပ်မျိုးက ရုံးသွားရုံးပြန်၊အလုပ်သွားအလုပ်ပြန်ချိန်တွေမှာ မြေအောက်ရထားတွေမှာဖြစ်နိုင်ပါသေးတယ်” ဟု ဝန်ကြီး Han Duck – soo က ပြောကြားခဲ့ပြီး အခုလိုဖြစ်ရပ်မျိုးထပ်မဖြစ်ရန်နှင့် မတော်တဆမှုများကိုကာကွယ်နိုင်ရန် ရဲတပ်ဖွဲ့များအနေနှင့်အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန်ဆောင်ရွက်ကြရန်လည်း ညွှန်ကြားခဲ့သည်။

သောကြာနေ့မှစတင်ကာ လူစုလူဝေးထိန်းချုပ်ရေးလှုပ်ရှားမှုများအတွက် ဘူတာများ၌ မြေအောက်ရထားဝန်ထမ်းများအပါအဝင် ရဲတပ်ဖွဲ့များကိုပါဖြန့်ကျက်ထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

သရဲကြီးညကဖြစ်ခဲ့သော မတော်တဆမှုကြောင့် သေဆုံးသူ ၁၅၆ ဦးနှင့် ဒဏ်ရာရသူ ၁၈၇ ဦးရှိပြီး ၃၃ ဦးသည် ပြင်းထန် ‌သောဒဏ်ရာရရှိခဲ့ကြ သည်။သေဆုံးသူများထဲတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ နိုင်ငံသား ၂၆ ဦးထက်မနည်းလည်းပါဝင်ခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here