ယူကရိန်းစွမ်းအင်ကဏ္ဍ ပြန်လည်တည်ဆောက်ရေးအတွက် ဂျီ ၇ အုပ်စု အကူအညီပေးမည်

0
208

မွန့်စတာ/ဂျာမနီ၊ နိုဝင်ဘာ ၄

စက်မှု ထိပ်သီးနိုင်ငံများ (ဂျီ၇) သည် မကြာသေးမီက ပြုလုပ်ခဲ့သော ရုရှား၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးသွားသော ယူကရိန်း၏ စွမ်းအင်နှင့် ရေအရင်းအမြစ်ကဏ္ဍကို ပြန်လည်တည်ဆောက်ရာတွင် ပံ့ပိုးကူညီရန် နိုဝင်ဘာလ ၄ ရက် သောကြာနေ့တွင် သဘောတူညီခဲ့ကြသည်။

“ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ ယူကရိန်းကို သူ့အတွက် အရေးပါတဲ့ ရေနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အ အုံကို ပြုပြင်ဖို့၊ ပြန်လည်တည်ဆောက်ဖို့နဲ ခုခံကာကွယ်ရာမှာ ကူညီဖို့အတွက် ဂျီ ၇ ပေါင်းစပ်ညှိနှိုင်းရေးယန္တရားကို ထူထောင်လိုက်ပါပြီ” ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကူအညီများတွင် အရပ်ဘက် အခြေခံအဆောက်အဦများအပေါ် ပစ်မှတ်ထားသည့် ရုရှား၏ တိုက်ခိုက်မှုများမှ ခုခံကာကွယ်ရန်နှင့် ပြန်လည်တုံ့ပြန်နိုင်မည့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပါဝင်သည်ဟု အမေရိကန်အရာရှိတစ်ဦးက ဆိုသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ရုရှားသည် ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ယူကရိန်း၏ အခြေခံအဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အားစနစ် ၄၀ ရာခိုင်နှုန်းအထိ ပျက်စီးခဲ့သည်။ စွမ်းအင်ရင်းမြစ်အကန့်အသတ်ကြောင့် ဒေသခံများမှာ နာရီအတော်ကြာ မီးပျက်ခြင်းနှင့် ရင်ဆိုင်ရနိုင်ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောခဲ့သည်။

ရုရှားသည်လည်း စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦများကို ပစ်မှတ်ထားနေသည်ဟု အသိအမှတ်ပြုခဲ့သော်လည်း အရပ်သားများအပေါ် ပစ်မှတ်ထားသည်ဟူသော စွပ်စွဲချက်ကိုမူ ငြင်းဆိုခဲ့သည်။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here