အောက်တိုဘာလအတွင်း တရားမဝင်ဝင်ရောက်ခဲ့သည့် အင်ဒိုနီးရှား၊မြန်မာနှင့်ထိုင်းနိုင်ငံသား ၁၀၃ ဦး မလေးရှားနိုင်ငံ၌ ဖမ်းဆီးခံရ

0
287

မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်ခဲ့ကြသည့် အင်ဒိုနီးရှား၊မြန်မာနှင့်ထိုင်းနိုင်ငံသား ၁၀၃ ဦးအား အောက်တိုဘာလအတွင်းက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၂ ရက်ည ၇ နာရီ ၄၅ မိနစ်ခန့်ကလည်း မလေးရှားရေတပ် Agensi Penguatkuasaan Maritim Malaysia(APMM)မှ ကင်းလှည့်နေစဉ် လှေတစ်စီးအား KLANG ဧရိယာ၌ မသင်္ကာဖွယ်တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ကြသည်။

လှေပေါ်၌ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် အင်ဒိုနီးရှားနိုင်ငံသား က လေးငယ် ၁ ဦး၊ အမျိုးသား ၃၉ ဦးနှင့်အမျိုးသမီး ၄ ဦး(စုစုပေါင်း ၄၄ ဦး)အား တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သူများအား မလေးရှားနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီအရေးယူသွားမည်ဖြစ်ကာ လက်ရှိအချိန်၌ ရဲတပ်ဖွဲ့သို့လွှဲပြောင်းပေးထား သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here