ထိုင်းနိုင်ငံ၌ ကလေးငယ် ၃ ဦးအပါအဝင် မြန်မာ နိုင်ငံသား ၁၄ ဦးဖမ်းဆီးခံရ ထိုင်းနိုင်ငံသားကားမောင်းသူထွက်ပြေး

0
277

ထိုက်းနိုင်ငံ၊ရနောင်းခရိုင်တွင် ပစ်ကပ်ကားပေါ်မှ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၄ ဦးအား နိုဝင်ဘာ ၂ ရက်ညပိုင်းက ရနောင်းခရိုင်၊အမှတ်-၂၅ ခြေမြန်တပ်ရင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းနေ့ညပိုင်းက ရနောင်းခရိုင်၊အမှတ်-၂၅ ခြေ မြန်တပ်ရင်း၏ ခြေမြန်တပ်ခွဲအမှတ်-၂၅၂၁ မှလုံ ခြုံရေးအတွက်ကင်းလှည့်နေစဥ် မောင်းနှင်လာသည့် ပစ်ကပ်ကားအားစစ်ဆေးရန် တားဆီးခဲ့ကြသည်။

အဆိုပါ ပစ်ကပ်ကားမှာရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ရနောင်းခရိုင်၊နာခါကျေးရွာအနီးရှိ ဆီအုန်းတောအ တွင်း၌ ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံသားကားမောင်းသူမှာ ကားနှင့်လိုက်ပါလာသူများ အား ထား၍ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကားအားစစ်ဆေးရာ ထိုင်းနိုင်ငံ၌ အ လုပ်လုပ်ရန် တရားမဝင်ဝင်ရောက်လာသည့် မြန် မာနိုင်ငံသား ကလေးငယ် ၃ ဦးအပါအဝင် အမျိုးသား၊အမျိုးသမီး ၁၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတို့၌ အလုပ်လုပ်ရန်ဝင်ရောက်လာခြင်းဖြစ်ကာ ပွဲစားခအဖြစ်တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၈၀၀၀ မှ ၃၀၀၀၀ အထိပေး ချေခဲ့ရကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ပို့ဆောင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် ထိုင်းနိုင်ငံ သား ကားမောင်းသူအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here