ဓာတ်ငွေ့ယိုစိမ့်ခြင်းနှင့်တာဝါတိုင်များကျိုးပဲ့ပျက် စီးခြင်းတို့ကြောင့် ဓာတ်အားပို့လွှတ်မှုလျော့နည်း ၍ ရန်ကုန်တိုင်းအတွင်း၌ လျှပ်စစ်ဓာတ်အားယာ ယီပြတ်တောက်လျက်ရှိဟု YESC အသိပေး

0
455

ရန်ကုန်တိုင်းတွင် ယခုရက်ပိုင်းအတွင်း၌ လျှပ် စစ်မီးပြတ်တောက်မှုများ အချိန်အတော်ကြာဖြစ်ပေါ်နေခြင်းနှင့်ပတ်သက်၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက နိုဝင်ဘာ ၅ ရက် (ယနေ့)တွင် အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ် သည်။

ရန်ကုန်တိုင်းအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ပေးပို့ထားသည့် ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ဓာတ် ငွေ့ယိုစိမ့်မှုဖြစ်ပေါ်ခြင်း၊ (၁၃၂)ကေဗွီ ဘီလူးချောင်း-တီကျစ် ဓာတ်အားလိုင်း၏ တာဝါတိုင်အ မှတ်(၁၁၀)နှင့်(၁၁၁)တို့ ကျိုးပဲ့ပျက်စီးခြင်းများဖြစ်ပေါ်နေသည်ဟု YESC ကအသိပေးခဲ့သည်။

ထိုသို့ ဖြစ်ပေါ်နေသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်မှု စုစုပေါင်း(280)MW ခန့် လျော့နည်းလျက်ရှိကြောင်း YESC ၏အသိပေးချက်အရ သိရသည်။

ထို့ကြောင့် ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန် အ ရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများကို အချိန် ပိုင်းဆောင်ရွက်ရမည်ဖြစ်၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်၊နေရာအချို့တွင် လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မှုများရှိမည်ဟု YESC ကအ သိပေးခဲ့သည်။

သို့ရာတွင် အရေးကြီးနေရာများ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် အလေးထားဆောင် ရွက်သွားမည်ဟု YESC ကအသိပေးပန်ကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here