ရန်ကုန်တန်ဆောင်တိုင်မီး ထွန်းပွဲတော်အထိမ်းအမှတ် “သာယာလှပရန်ကုန်တန်ဆောင်တိုင်လပြည့်ည”ခေါင်းစဥ်ဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲပြုလုပ်မည်

0
385

ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်၌ နိုဝင်ဘာ ၅ ရက်(ယ နေ့)မှစတင်ကျင်းပလျက်ရှိသည့် ရန်ကုန်တန် ဆောင်တိုင်မီးထွန်းပွဲတော်အထိမ်းအမှတ်အဖြစ် “သာယာလှပရန်ကုန်တန်ဆောင်တိုင်လပြည့်ည” ခေါင်းစဥ်ဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တန်ဆောင်တိုင်ဓာတ်ပုံပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

ရန်ကုန်တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်တန် ဆောင်တိုင်စျေးရောင်းပွဲတော်အား နိုဝင်ဘာ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်(တန်ဆောင်မုန်းလပြည့်ည)အထိ ၃ ရက်တိုင် ဖျော်ဖြေရေးအစီအစဥ်များ၊မီးအလှဆင်ထားခြင်းများ၊မီးရှူးမီးပန်းပစ်ဖောက်ခြင်းများး၊မီးပုံးပျံလွတ်တင်ခြင်းများဖြင့် စည် ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။

ထို့ပြင် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်မည့်သူများအနေဖြင့် ပြည်သူ့ရင်ပြင်အပါအ ဝင် ရန်ကုန်မြို့၏တန်ဆောင်တိုင်အလှပေါ်လွင်သည့်နေရာများ၏ တန်ဆောင်တိုင်မီးထွန်းပွဲ‌ကျင်းပနေမှုအလှအပများအား မည်သည့်ကင်မရာဖြင့်မဆို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့်ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁၀ လက်မ ၁၅ လက်မ အရွယ်အစားတစ်မျိုးတည်းသာ ဖြစ်ရမည်ဖြစ်ကာ ပုံအရေအတွက်အကန့်အသတ်မရှိ ယှဉ်ပြိုင်နိုင်ပြီး Hard Copy နှင့် Soft Copy (CD) ကို တစ်ပါတည်းပူးတွဲပေးပို့ရမည်ဖြစ်သည်။

ပြိုင်ပွဲ၌ ဒစ်ဂျစ်တယ်နည်းပညာဖြင့်ပြုပြင်ဖန်တီးထားသည့် ဓာတ်ပုံများနှင့် Website များတွင်အသုံးပြုပြီးသည့် ဓာတ်ပုံများပါဝင်ယှဉ်ပြိုင်ခွင့်မပြုကြောင်း သိရသည်။

ထို့ပြင် ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာပြပွဲများ၊စာအုပ်စာစောင်များ၊ Website များ၊လက်ကမ်းစာစောင်များ၊သင်ခန်းစာပို့ချမှုများနှင့်ဗီဒီယိုများ၌ အသုံးပြုခြင်းအား သဘော တူခွင့်ပြုရမည်ဖြစ်ကာ ပြိုင်ပွဲဝင်ဓာတ်ပုံများတွင် အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံအကြောင်းအရာ၊ရိုက်ကူးသည့်နေရာဒေသတို့အား ဓာတ်ပုံများ၏နောက်ကျော၌သီးခြားစက္ကူဖြင့်ရေးကပ်၍ ပူးတွဲပေးပို့ရမည်ဖြစ်သည်။

ဓာတ်ပုံများအား နိုဝင်ဘာ ၂၀ ရက်ညနေ ၄ နာရီနောက်ဆုံးထား၍ SBS Express 09765427090/09765427228 တို့သို့ဆက်သွယ်ပေးပို့ရမည်ဖြစ်ကာ သတ်မှတ်ရက်ထက်ကျော်လွန်ပေးပို့လာသည့် ဓာတ်ပုံများအားပြိုင်ပွဲဓာတ်ပုံအဖြစ်လက်ခံမည်မဟုတ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here