အခက်အခဲအကြပ်အတည်းများကြားမှ နိုင်ငံကိုတိုးတက်အောင်ဆောင်ရွက်ရာတွင် ပို့ကုန်ထုတ်လုပ်နိုင်မူကိုအားဖြည့်​ပေးသွားမည်ဟု နစက ဥက္ကဋ္ဌပြော

0
183

ပြည်နယ်နှင့်တိုင်းများ၏ ​ဒေသစွမ်းအားများကို အာရုံစိုက်ခါ MSME ကို အ​လေး​ပေးသည့် မူဝါဒကို ​ဖော်​ဆောင်​နေ​သော နစကသည် ယခု ရက်ပိုင်းအတွင်းတနင်္သာရီတိုင်းရှိ စီးပွား​ရေးလုပ်ကိုင်​နေသူများနှင့် ​တွေ့ဆုံလျှက်ရှိသည်။

မြိတ်မြို့သို့​ရောက်ရှိ​နေ​သောနစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၅ ရက်‌ နေ့တွင် အသေးစား၊အ ငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ် ငန်းရှင်များနှင့်တွေ့ဆုံခဲ့သည်။

ကိုဗစ်(၁၉)ရောဂါဖြစ်ပွားခဲ့သည့်ကာလများအတွင်း နိုင်ငံတိုင်း၌ ကိုယ်စီအ ခက်အခဲများရှိခဲ့​ပြီးမြန်မာတွင်နိုင်ငံ​ရေးအခက်ခဲပါရှိခဲ့​ကြောင်းကို

“မိမိတို့နိုင်ငံမှာ ကိုဗစ်(၁၉)ရောဂါဖြစ်ပေါ်ခဲ့တဲ့ အခက်အခဲတွေအပြင် နိုင်ငံရေးအခက်အခဲတွေနဲ့လည်း ကြုံတွေ့ခဲ့ရတာကြောင့် စီးပွားရေးအခက် အခဲတွေဖြစ်ပေါ်ခဲ့ရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နိုင်ငံ၏ စီးပွားရေးပျက်ယွင်းစေရန် နိုင်ငံရေးအရထိုးနှက်တိုက်ခိုက်မှုများ၊ငွေကြေးလည်ပတ် သုံးစွဲမှုများကိုထိခိုက်စေရန် ဘဏ်စနစ်ပြိုလဲအောင် ဆောင်ရွက်မှုများ၊စက်ရုံအလုပ်ရုံများ ရပ်တန့်စေရန်ဆောင်ရွက်မှုများရှိခဲ့သည်ဟု ပြောသည်။

ထိုသို့ အခက်အခဲအကြပ်အတည်းများစွာကြားမှ မိမိတို့အနေဖြင့် နိုင်ငံအား အဘက်ဘက်မှတိုးတက်အောင်ဆောင်ရွက်​​နေ​ကြောင်းကို

“အားလုံးဝိုင်းဝန်းဆောင်ရွက်ခဲ့တာကြောင့်သာ ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ပါတယ် ကိုဗစ်(၁၉) ကြောင့်ဖြစ်ပေါ်ခဲ့တဲ့ စီးပွားရေးအရထိခိုက်ခဲ့ရမှုတွေကို ကုစားနိုင်ဖို့နဲ့နိုင်ငံ့စီးပွားမြှင့်တင်နိုင်ဖို့အတွက် မြန်မာနိုင်ငံနဲ့ကိုက်ညီမှုရှိတဲ့ အသေးစား၊အငယ်စား၊အလတ်စား စီးပွားရေး(MSME)လုပ် ငန်းတွေကို အားပေးဆောင်ရွက်နေခြင်းဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး အောင် မြင်မှုရှိစေရေး၊လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်နှင့်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံငွေများကိုလည်း နိုင်ငံ တော်မှ အတတ်နိုင်ဆုံးထုတ်ချေးပေးသွားမည်ဟု ပြောသည်။

မိမိတို့အနေဖြင့် နိုင်ငံ၏ကျဆင်းနေသည့် စီးပွား ရေးပြန်လည်မြှင့်တင်ရေးအား ကြိုပမ်းဆောင် ရွက်လျက်ရှိကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုများကိုဆောင်ရွက်၍ ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချနိုင်ရန်လိုသည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here