တွစ်တာစီအီးအိုဟောင်းက ဝန်ထမ်းများအားတောင်းပန်စကားဆို

0
334

ဆန်ဖရန်စစ်ကို၊နိုဝင်ဘာ ၆

တွစ်တာ၏တွဲဖက်တည်ထောင်သူနှင့် စီအီးအိုဟောင်း ဂျက်ခ်ဒေါစီသည် ပိုင်ရှင်သစ်အီလွန်မက်စ်က ဝန်ထမ်းအများအပြားကို မြန်မြန်ဆန်ဆန်အလုပ်ဖြုတ်လိုက်သဖြင့် အလုပ်ဖြုတ်ခံရသူဝန်ထမ်းများအား တောင်းပန်စကားဆိုခဲ့ကြောင်းသိရှိရသည်။

၂၀၀၆ ခုနှစ်၌ တွစ်တာအားပူးတွဲတည်ထောင်ခဲ့ပြီး မနှစ်ကရာထူးမှနှုတ်ထွက်ခဲ့သူ ဒေါစီသည် “အားလုံးကကျွန်တော့်ကို ဒေါသထွက်နေကြမယ်ဆိုတာသိပါတယ်” ဟုရေးသားခဲ့သည်။၎င်းသည် ဧပြီလကလည်း အီလွန်မတ်စ်၏တွစ်တာဝယ်ယူမှုသည် မှန်ကန်သောလုပ်ရပ်ဖြစ်သည်ဟု တွစ်တာပို့စ်တစ်ခုတွင်ရေးသားခဲ့ဖူးသည်။

တစ်ဖန် တွစ်တာမှဝန်ထမ်းများသည် ကြံ့ခိုင်ပြီး ပြန်လည်ရုန်းထနိုင်ရည်ရှိကြသည့်အတွက် ယခုကဲ့သို့အခိုက်အတန့်ကာလကို ကျော်ဖြတ်နိုင်မည်ဟုယုံကြည်ကြောင်းလည်းပြောကြားခဲ့သည်။မစ္စတာဒေါစီသည် ယခုနှစ်နွေဦးက ကုမ္ပဏီဒါရိုက်တာဘုတ်အဖွဲ့မှနှုတ်ထွက်ခဲ့သော်လည်း ရှယ်ယာရှင်အဖြစ်ဆက်လက်ရှိနေဆဲဖြစ်သည်။

အီလွန်မတ်စ်သည် ပြီးခဲ့သည့်အပတ်ကတွစ်တာကို အပြီးသတ်ဝယ်ယူခဲ့ပြီး ဘုတ်အဖွဲ့ကိုဖျက်သိမ်းကာ တွစ်တာ၏အမှုဆောင်အရာရှိချုပ်နှင့် ထိပ်တန်းမန်နေဂျာများကို ရာထူးမှထုတ်ပယ်ရန် ကသုတ်ကရက်စီစဉ်ခဲ့သည်။

Source : AFP

Photo :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here