နေပြည်တော်၊ရန်ကုန်နှင့်မန္တလေးတို့ရှိ မြို့နယ် ၂၅ ခုတွင် (AMI)မီတာစနစ်အား ပြောင်းလဲတပ်ဆင်လျက်ရှိ

0
302

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်မှ နိုဝင်ဘာ ၅ ရက်က နေပြည် တော်ရှိ Advanced Metering Infrastructure (AMI) Control Center သို့သွားရောက်ကြည့်ရှုစစ်ဆေးစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းနှင့်ပြည်နယ်များတွင် တပ်ဆင်ထားသည့် Analogue နှင့် Off-site Meter Reading(OMR) မီတာစနစ်မှ Advanced Metering Infrastructure(AMI)စနစ်သို့ပြောင်းလဲတပ်ဆင်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထိုသို့ ဆောက်ရွက်လျက်ရှိရာ နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်၊ ရန်ကုန်တိုင်းရှိ မြို့နယ်(၁၄) မြို့နယ်နှင့်မန္တလေးတိုင်းရှိ မြို့နယ်(၃)မြို့နယ်တို့တွင် (AMI)စနစ် ပြောင်းလဲဆောင်ရွက်လျက်ရှိပြီး AMI Control Center မှာလည်း ရာနှုန်းပြည့်တည်ဆောက်ပြီးစီးပြီဖြစ်သည်ဟု ပြောသည်၊

(AMI)စနစ်မီတာများအား Control Center ဖြင့် ချိတ်ဆက်၍ မီတာခကောက်ခံခြင်း၊ထိန်းချုပ်ခြင်း၊စောင့်ကြပ်ကြည့်ရှုခြင်းတို့ ပြုလုပ်နိုင်ရန် စတင်ဆောင်ရွက်လျက်ရှိကာ (AMI)စနစ်အား တစ်နိုင်ငံလုံးလွှမ်းခြုံတပ်ဆင်အသုံးပြုနိုင်ရန် နှစ်စဉ်တိုးချဲ့ဆောင်ရွက်လျက်ရှိသည်ဟု ပြော သည်၊

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် AMI Control Center အတွင်း AMI Data Server တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် AMI Control and Monoitoring Center တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ် စစ်ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အားထုတ်လုပ်နေမှု၊ပေါင်းလောင်းရေလှောင်တမံရေ ပိုလွှဲပြင်ဆင်တည် ဆောက်မည့်အခြေအနေတို့ကိုလည်းကြည့်ရှုစစ် ဆေးခဲ့သည်။

နှစ်စဉ်တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တိုးတက်ဖြန့်ဖြူးပေးနိုင်ရန်နှင့်တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ်ထုတ်လုပ်၍ လျှပ်စစ်ဓာတ်အားတည်ငြိမ်စွာဖြန့်ဖြူးပေးနိုင်ရန် ရေအားလျှပ်စစ်စက်ရုံများ၊နေရောင်ခြည်စွမ်း အင်သုံးစက်ရုံများ၊သဘာဝဓာတ်ငွေ့နှင့်အပူစွမ်း အင်သုံးစက်ရုံများစသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများကို Generation Mix တွင်အ ရင်းအမြစ်မျိုးစုံ ပါဝင်ထုတ်လုပ်နိုင်ရန် ဟန်ချက် ညီညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here