ကမ္ဘောဒီးယားနှင့်အမေရိကတို့ လူကုန်ကူးမှုပြဿနာအားဆွေးနွေးခဲ့ကြ

0
233

ဖနွမ်းပင်၊နိုဝင်ဘာ ၅

ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီး ဆာခန် သည် ကမ္ဘောဒီးယားဆိုင်ရာအမေရိကန်သံအမတ်ကြီး မစ္စတာ ဒပ်ဗလျုပက်ထရစ် မာဖီ  နှင့် ကိစ္စရပ်များစွာကိုဆွေးနွေးခဲ့ပြီး အထူးသဖြင့်လူကုန်ကူးမှုပြဿနာကို ဆွေးနွေးခဲ့သည်။ယင်းသို့ဆွေးနွေးရာ၌ ကမ္ဘောဒီးယား၏လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်လိုသော အမေရိကန်ပြည်ထောင်စုအား ကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားအနေဖြင့်လည်း အွန်လိုင်း၌ရောမြေပြင်မှာ ပါ လူကုန်ကူးမှုတိုက်ဖျက်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်နေပြီး အစိုးရသည်တရားမဝင်လောင်းကစားများကိုတိုက်ဖျက်ရန်၊နိုင်ငံခြားအလုပ်သမားစစ်ဆေးရေးနှင့်ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအပါအဝင် အရေးကြီးသောလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်းမစ္စတာ ခန် ကဆက်လက်ပြောကြားခဲ့သည်။

သို့သော်လူကုန်ကူးမှုတိုက်ဖျက်ရေးသည် နိုင်ငံတစ်နိုင်ငံတည်းက အကောင်အထည်မဖော်နိုင်သောကြောင့် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များအကြား ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားတွင်တရားမဝင်နိုင်ငံဖြတ်ကျော်ဝင်ရောက်ပြီး လခကောင်းကောင်းဖြင့်အလုပ်လုပ်ရမည်ဟုဆိုကာ ပြစ်မှုကျူးလွန်သူများက အွန်လိုင်းမှတစ်ဆင့်မက်လုံးပေး လိမ်လည်ခေါ်ဆောင်မှုများ အများအပြားဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ကမ္ဘောဒီးယားဆိုင်ရာ အမေရိကန်သံအမတ်ကြီးကလည်း လူကုန်ကူးမှုတိုက်ဖျက်ရေးသည် ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းအားထုတ်မှုများလိုအပ်သည်ဟု ထောက်ခံပြောကြားခဲ့သည်။

မစ္စတာ ခန်နှင့် ကန်သံအမတ်ကြီးတို့သည် အမေရိကမှကမ္ဘောဒီးယားနိုင်ငံသားများအား နေရပ်ပြန်ပို့ခြင်းအပါအဝင် အခြားကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပြီး အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုကိုဆက်လက်မြှင့်တင်ရန်လည်းနှစ်ဖက်သဘောတူညီခဲ့ကြသည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here