ကိုဗစ်(၁၉)အလွန်ကာလ ဒေသတွင်းခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ၊ပုဂ္ဂလိက၊ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နေ

0
285

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်က နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့ ကမ္ဘောဒီးယားနိုင်ငံ၊ဆီရမ်ရိမြို့၊ဘိုရေးအန်ကောဟိုတယ်၌ကျင်းပခဲ့သည့် အစည်းအဝေးများသို့ တက်ရောက်စဥ်ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဧရာဝတီ၊ ကျောက်ဖရား၊ မဲခေါင်စီးပွားရေးပူး ပေါင်းဆောင်ရွက်မှု မဟာဗျူဟာအရ ကမ္ဘောဒီး ယား၊လာအို၊မြန်မာ၊ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့ပါ ဝင်သည့် (၅)ကြိမ်မြောက် အက်ခ်မက် (ACMECS)ခရီးသွားလုပ်ငန်းဝန်ကြီးအဆင့်အစည်းအဝေး၊ ကမ္ဘောဒီးယား၊လာအို၊မြန်မာနှင့် ဗီယက်နမ်တို့ပါဝင်သည့် (၆)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ(CLMV)ခရီးသွားလုပ်ငန်းဝန်ကြီးအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်း ပြည်ပခရီးသွားလုပ်ငန်းများပြန်လည်ဖွင့်လှစ်မှု၊ဗီဇာခွင့်ပြုပေးမှုနှင့်ခရီး သွားဧည့်သည်ဝင်ရောက်မှုများ၊ အသေးစား၊အ ငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs လုပ်ငန်းများ၏အရေးပါမှု၊ဒေ သတွင်းခရီးသွားလုပ်ငန်းများမြှင့်တင်ရေးအဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအကြံပြုချက်များနှင့်အက်ခ်မက်နှင့်စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက်များအရ မြန်မာနိုင်ငံမှဆောင် ရွက်ထားရှိမှုများနှင့်ကိုဗစ်(၁၉)အလွန်ကာလဒေ သတွင်းခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အစိုးရ၊ပုဂ္ဂလိကအပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ ၂ ရက်ညနေပိုင်းတွင် ဆီရမ်ရိမြို့တွင် ကြိုဆိုဧည့်ခံခြင်းအ ခမ်းအနားသို့ တက်ရောက်၍ Pub Street နှင့် Night Market ပြင်ဆင်ဖွင့်လှစ်မှုများနှင့်ခရီးသွားဧည့်သည်များလာရောက်နေမှုကို လေ့လာကြည့်ရှုခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here