ယူကရိန်းတွင် တိုက်ပွဲဝင်နေသည့် တိုင်ဝမ်အမျိုးသားတစ်ဦး စစ်မြေပြင်တွင် ကျဆုံး

0
233

ယူကရိန်းတွင် ဗော်လံတီယာတစ်ဦးအဖြစ် တိုက်ပွဲဝင်နေသည့် တိုင်ဝမ်အမျိုးသားတစ်ဦး စစ်မြေပြင်တွင် ကျဆုံးသွားကြောင်း တိုင်ပေရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ယင်းသည် ယူကရိန်း-ရုရှားစစ်ပွဲအတွင်း ပထမဆုံး ကျဆုံးခဲ့သည့် တိုင်ဝမ်နိုင်ငံသားဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင်ဆိုထားသည်။

ယူကရိန်းရှိ ဗော်လံတီယာတပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော အသက် ၂၅ နှစ်အရွယ် တိုင်ဝမ်အမျိုးသား Tseng Sheng-kuang စစ်မြေပြင်တွင် ကျဆုံးကြောင်းကို ယူကရိန်းစစ်မြေပြင်မှူးတစ်ဦးက အတည်ပြုခဲ့ကြောင်းသိရသည်။

Luhansk မြို့တွင်း တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့ကာ သွေးလွန်၍ ကျဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

Source: Taiwanese man dies fighting in Ukraine war


LEAVE A REPLY

Please enter your comment!
Please enter your name here