ချင်းရိုင်ခရိုင်တွင် ကားတိုက်ခံရပြီး ဦးနှောက်သေသွားသည့် မြန်မာရွှေ့ပြောင်းလုပ်သားတဦး၏ကိုယ်တွင်းအင်္ဂါများအား အခြားသူများထံအစားထိုးကုသနိုင်ရန် အတွက် မိသားစုက ခွင့်ပြု လှူဒါန်းပေးခဲ့သည်။
ကားတိုက်ခံရသူသည် အသက် ၄၃ နှစ်အရွယ် မြန်မာအမျိုးသား ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ပြီး ၄င်း၏ မျက်လုံး၊ ကျောက်ကပ်နှင့် အခြားကိုယ်တွင်းအင်္ဂါများအား လိုအပ်နေသော လူနာ ရှစ်ဦးထံသို့ အစားထိုးကုသမူပြုခဲ့သည်။
ကြာသပတေးနေ့တွင်Chiang Rai Prachanukroh ဆေးရုံက အကျိုးပြုခဲ့သည့်ထိုအမျိုးသားနှင့်ကျန်ရစ်သူမိသားစုအား ကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်ခဲ့သည်။
စနေနေ့ (ယမန်နေ့)တွင် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Opas Karkawinpong က ကျန်ရစ်သူမိသားစုဝင်များအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
“အခြားလူသားတွေကို ကူညီဖို့အတွက် ကိုယ်တွင်းအင်္ဂါတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တဲ့ လူနာရဲ့ မိသားစုကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ချီးကျူးချင်ပါတယ်” ဟု Opas မှ ပြောကြားခဲ့သည်။
ဦးဏှောက် သေသွားသည့် လူနာအနေဖြင့် သိရှိနိုင်ခြင်းမရှိတော့သော်လည်း အင်္ဂါအစိတ်အပိုင်းအလှူခံရသူ ရှစ် ဦး ကအကျိုးများပြီး ရှင်သန်ဖို့ အထောက်အပံ့ဖြစ်ခဲ့သည့်အတွက် သေတာတောင် ဇီဝိတဒါန ပြုသွားနိုင်သူဟုဆိုသော်ရ၏။
source:Khaosod