ယုံကြည်ကိုးကွယ်မှု ဘာသာတရားနှင့်ပတ်သက်၍ လွတ်လပ်စွာယုံကြည်ကိုး ကွယ်ခွင့်ပြုထားပြီး နိုင်ငံတော်မှ တတ်နိုင်သမျှကူညီစောင့်ရှောက်ပေးလျက်ရှိဟု နစက ဥက္ကဋ္ဌပြော

0
196

နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နိုဝင်ဘာ ၆ ရက်(ယနေ့)ညနေပိုင်းက ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်ရှိ သျှရီမဟာလက်ချ်မီး မယ်တော်ကြီးဘုရားကျောင်း၌ ကျင်းပသည့် ဟိန္ဒူရိုးရာပွဲတော်များတွင် အထွဋ်မြတ်ဆုံးပွဲတော်တစ်ခုဖြစ်သော ဒီပါဝလီမီးထွန်းပွဲတော်သို့ တက်ရောက်ခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) ပုဒ်မ-၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန်ဘာ သာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့်နတ်ကိုး ကွယ်သည့် ဘာသာတို့အား ကိုးကွယ်ရာဘာသာ သာသနာများ”ဟူ၍ အသိအမှတ်ပြု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၆၃ တွင်လည်း “နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ရမည်”ဟုလည်း ထပ်မံပြဋ္ဌာန်းထားသည့်အ​ကြောင်း နစက ဥက္ကဌကထည့်သွင်း​ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ယုံကြည်ကိုးကွယ်မှု ဘာသာတ ရားနဲ့ပတ်သက်ပြီး လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်ပါတယ်။ ဟိန္ဒူဘာသာ အပါအဝင် တခြားဘာသာကြီးတွေကို နိုင်ငံတော်ကအသိအမှတ်ပြုပြီး တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးလျက်ရှိပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအတွက် အခြေခံမူလေးချက်ဖြစ်သည့်.ဘာသာပေါင်းစုံမှ ဘာသာဝင်အချင်းချင်း အပြန်အလှန်လေးစားပြီး အတူ တကွ အေးချမ်းစွာနေထိုင်သွားကြရန် ဘာသာရေး၊ လူမှုရေး၊ ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ကြရန်၊ ဘာသာရေးနှင့်ဆက်နွှယ်သည့် နစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရန် ကောင်း မြတ်သည့် အခြေခံမူများ ချမှတ်ပြီး ဆောင်ရွက်နေသည်ကိုသိရှိရ​ကြောင်း​ပြောသည်။

“ဟိန္ဒူဘာသာဝင်တွေအနေနဲ့ အဲဒီကောင်းမြတ်တဲ့ အခြေခံမူတွေနဲ့အညီ ဘာသာကြီးလေးခုရဲ့ ချစ် ကြည်ညီညွတ်မှုကို ဝိုင်းဝန်းကူညီပြီးဆက်လက် အကောင်အထည်ဖော်ကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်ရုရှားနိုင်ငံသံအမတ်ကြီးတို့ကလည်း အ မှတ်တရစကားများပြောကြားခဲ့ကြပြီး ပွဲတော်ကျင်းပရေးကော်မတီမှ သန္ဒန ဓမ္မပါလအဖွဲ့ချုပ် သာသနာပြုဆရာတော် ဒေါက်တာလှထွန်းက ဟိန္ဒူဘာသာရေးဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့သည်။

ပွဲတော်သို့တက်ရောက်ချီးမြှင့်သည့် နစက ဥက္ကဋ္ဌက ဘုရားကျောင်းအတွင်းရှိ မဟာဗောဓိညောင်ပင်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး တို့ဖြင့်ကပ်လှူပူဇော်ပြီး သျှရီမဟာလက်ချ်မီးမယ်တော်ကြီးရုပ်ထုအား ဟိန္ဒူရိုးရာအစဉ်အလာနှင့်အညီအရိုအ​သေပြုခဲ့သည်။

ထို့နောက် ပွဲတော်သို့တက်ရောက်ချီးမြှင့်သည့် နစက ဥက္ကဋ္ဌ၊မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံ အမတ်ကြီးနှင့်ရုရှားနိုင်ငံသံအမတ်ကြီးတို့အား ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်နိုင် က ဟိန္ဒူရိုးရာထုံးတမ်းစဉ်လာများအရ ရိုးရာပန်းကုံးစွပ်၍ ပိုးပုဝါခြုံထည်ဖြင့်ဂုဏ်ပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here