မန္တလေးမြို့ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား မသိုးသင်္ကန်းဆက်ကပ်ပူဇော်

0
373

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်၊ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား နိုဝင်ဘာ ၇ ရက်(တန်ဆောင်မုန်းလပြည့်-သာမညဖလအခါတော်နေ့)နံနက်အစောပိုင်းက မသိုးသင်္ကန်းဆက်ကပ်ပူဇော်ခဲ့ကြသည်။

ထိုသို့ ဆက်ကပ်ပူဇော်ရာတွင် နိုဝင်ဘာ ၆ ရက်ညပိုင်းက ရပ်လုပ်ခဲ့သည့် မသိုးသင်္ကန်းအား သြဝါဒါစရိယဆရာတော်ကြီးများ၊ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့်တာဝန်ရှိသူ များကသယ်ဆောင်၍ ဘုရားကြီးအား လက်ယာ ရစ် ၃ ပတ်လှည့်လည်ပူဇော်ပြီးနောက် ကပ်လှူပူ ဇော်ခဲ့ကြခြင်းဖြစ်သည်။

မသိုးသင်္ကန်းရက်လုပ်ခြင်းအား (၃၃)ကြိမ်မြောက်အဖြစ် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၏ ရင် ပြင်တော်ပေါ်ရှိ မိုးကောင်းဓမ္မာရုံမဏ္ဍပ်၌ နိုဝင် ဘာ ၆ ရက်နံနက် ၈ နာရီက အခမ်းအနားဖြင့်ဖွင့်လှစ်ခဲ့ကြသည်။

မန္တလေးတိုင်း၀န်ကြီးချုပ် ၀ဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ မြို့တော်ဝန် ဦးကျော်ဆန်းနှင့်တာဝန်ရှိသူများတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here