ထီပေါက်သူ မရှိသဖြင့် စံချိန်တင် ဆုကြေးငွေ ၂ ဘီလျံ နီးပါးရှိလာသည့် ပါဝါဘော ဂျက်ခ်ပေါ့ ထီ

0
189

အမေရိကန်ရှိ ပါဝါဘော ဂျက်ခ်ပေါ့ ထီကုမ္ပဏီ​သည် စနေနေ့ညက ပေါက်မဲနံပါတ်ရွေးချယ်ခဲ့ရာ ကိုက်ညီသူ မရှိခဲ့သဖြင့် စုစုပေါင်း ဆုကြေးငွေပမာဏမှာ ခန့်မှန်း ခြေအမေရိကန် ဒေါ်လာ ၁ ဒသမ ၉ ဘီ လျံ ရှိလာပြီ ဖြစ်ကြောင်း ကလီဖိုးနီးယား ထီ အသင်းက ဆိုသည်။

ထီပေါက်စဉ်မှာ ၂၈၊ ၄၅၊ ၅၃၊ ၅၆၊ ၆၉၊၂၀ ဖြစ်ပြီး နိုဝင်ဘာ ၇ရက် တနင်္လာနေ့တွင် နောက်တစ်ကြိမ် ထပ်နှိုက် ရွေးချယ်မည်ဖြစ်သည်။

စနေနေ့က မဲနှိုက်ခဲ့သော ခန့်မှန်းခြေ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ သည် ကမ္ဘာ့အကြီးဆုံး ထီဆုကြီးဖြစ်သည်ဟု ပါဝါဘောက ပြောကြားခဲ့သည်။

ဆုကြေးငွေပမာဏ ကြီးမားလှသော်လည်း လူ၂၉၂ ဒသမ ၂ သန်းတွင် တစ်ယောက်သာ ပေါက်နိုင်ချေရှိသောကြောင့် ထီလက်မှတ်ဝယ်သူများအတွက် စိတ်မကောင်းဖြစ်မိသည်မှာ အမှန်ပင်ဖြစ်သည်။

ပါဝါဘော ထီအား နောက်ဆုံးတစ်ခေါက် ပေါက်ခဲ့သည်မှာ ဩဂုတ်လ သုံးရက်နေ့ကဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် ၂ ဒေါ်လာကျသင့်မည် ဖြစ်မည်။

source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here