မန္တလေးမြို့တွင် ဆောက်လုပ် ရေး ကုမ္ပဏီတစ်ခု ဓါးပြတိုက်ခံရ ၊ ငွေကျပ် သိန်း (၃၀၀) နှင့် ဖုန်း (၂) လုံးပါသွား

0
266

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဆော က် လုပ်ရေးကုမ္ပဏီတစ်ခုတွင် ဓါးပြတိုက်မှုဖြစ်ပွားကာ ငွေကျပ် သိန်း ၃၀၀ နှင့် ဖုန်း (၂) လုံးပါသွားကြောင်း ဒေ သခံများထံမှ သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ (၇ ၅)လမ်း၊ (၁၁၇) လမ်းနှင့် (၁၁၈) လမ်းကြားရှိ ရှင်းမြတ်ဆောက်လုပ်ရေးကုမ္ပဏီရုံးခန်းတွင် ယမန်နေ့ နိုဝင်ဘာ (၆) ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓါးပြတိုက်မှု ကျူးလွန်သူ အမျိုးသား (၂) ဦးသည် နိုဝင် ဘာလ (၆) ရက် မွန်းလွဲ (၁) နာရီ ဝန်းကျင်က မော်တော် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ ရုံးခန်းအတွင်း ဝင်ရောက်ပြီး သေနတ်ဖြင့်ချိန်ကာ ကောင်တာ အံဆွဲအတွင်းမှ ငွေများ ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

” လာတာက အမျိုးသား (၂) ယောက်။ ဆိုင်ကယ်နဲ့လာတာ။ ပိုက်ဆံပေးဖို့ဆိုပြီးလာတာ။ အထဲရောက်မှ သေ နတ်ပြပြီး ဓါးပြတိုက်တာပေါ့။ သိန်း ၃၀၀ ကျော်နဲ့ ဖုန်းနဲ့ ပါသွားတယ်” ဟု အနီးပတ်ဝန်းကျင်မှ ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင် ရာတွင် အမှုဖွင့်တိုင်ကြားထားကြောင်းသိရပြီး တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင် ရန်ကုန် မန္တလေး မြို့ကြီးများတွင် လူသတ် အနုကြမ်းစီးခြင်း၊ ဓားပြတိုက်ခြင်းများ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း ရန်ကုန်မြို့လယ် လူစည်းကားရာနေရာတွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် တစ်ဆိုင်တွင် သိန်း (၂၀၀) ကျော် အနုကြမ်းစီး ခံရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here