အလိုတော်ပြည့် ကျောင်းတိုက်ရဲ့ ၂၅ ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်း ပွဲကျင်းပ

0
143

၂၅ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆပ်ကပ်ပွဲအခမ်းအနားကို တာမွေမြို့နယ် ပင်ရွှေညောင်လမ်း တာမွေလေးရပ်ကွက်မှာရှိတဲ့အလိုတော်ပြည့်ဘုန်းကြီး ကျောင်းမှာ ယနေ့ နိုဝင်ဘာ လ ၇ ရက်နေ့ မနက် ၉ နာရီ ခွဲလောက်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါပွဲအခမ်းအနားကို အိန္ဒိယသံအမတ်နဲ့ ဧည့်ပရိသတ်များပါတက်ရောက်ခဲ့တာဖြစ်ပါတယ်။ 

အဆိုပါ သင်္ကန်းဆပ်ကပ်ပွဲနဲ့ပတ်သက်ပြီးဆရာတော် အရှင်ကုမာရ က 

 ” ကျေးဇူးတော်ရှင် အလိုတော်ပြည့် ဆရာတောိဘုရားကြီးကိုမှဦးထိပ်ထားပြီးတော့ Cb Bank မိသားစု ကစုပေါင်းမဟာကထိန်သင်္ကန်းလှူဒါန်း ခဲ့တာအခုဆို ၂၅ ကြိမ်မြောက်ပုလဲရတုရှိပါပြီဒီအခမ်းအနားကို  အိန္ဒိယသံအမတ်ကြီးကိုယ်တိုင်တက်ရောက်ခဲ့ပြီး အိန္ဒိယက ဆရာတော်ကြီးရဲ့ဒကာ ဒကာမတွေ တက်ရောက်ခဲ့ပါတယ် ” လို့မိန့်ကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး  ဆရာတော်အရှင်ကုမာရက 

ကိုဗစ်ကာလမှာ အခုလိုအလှူအတန်းတွေနဲ့ဝေးကွာနေတာကြာခဲ့ပြီ အခုဆိုရင်လည်းဦးဇင်းတို့အနေနဲ့တတ်နိုင်တဲ့ဘက်ကနေ လပြည့်နေ့တိုင်း မှာတာမွေမှာရှိတဲ့ မရှိဆင်းရဲသားတွေ လက်လုပ်လက်စားအခြေခံလူတန်းစားတွေကိုလည်း ဆန် ဆီဆား ကြက်သွန် အာလူးအဝတ်အထည်တွေကိုလှူဒါန်းတာလေးတွေလည်း လုပ်ပေးဖြစ်တယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here