COP 27 တွင် ရာသီဥတုဆိုင်ရာလျော်ကြေးငွေပေးခြင်းနှင့်ပတ်သက်၍ ပထမဆုံးအကြိမ်ထည့်သွင်းဆွေးနွေး

0
245

ရှမ်အယ်လ်ရှိတ်ခ်၊နိုဝင်ဘာ ၆

အီဂျစ်နိုင်ငံ၌ကျင်းပပြုလုပ်နေသည့် COP 27 ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးတွင် ချမ်းသာသောနိုင်ငံများအနေဖြင့် ဆင်းရဲပြီးရာသီဥတုဖောက်ပြန်မှုဒဏ်ကိုအလူးအလဲခံစားနေရသည့် နိုင်ငံငယ်များအား လျော်ကြေးပေးသင့်မပေးသင့်အကြောင်းအရာနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးရန် သဘောတူညီခဲ့သည်ဟုသိရှိရသည်။

သို့သော် COP 27 ၌ အဆိုပါလျော်ကြေးကိစ္စရပ်များနှင့်ပတ်သက်၍ တင်းမာမှုများဖြစ်ပေါ်လာနိုင်သည်ဟုဖော်ပြထားသည်။အထူးသဖြင့် ရာသီဥတုပူနွေးလာမှုနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုအနည်းငယ်သာရှိသော နိုင်ငံများအတွက်မူ ယခုသဘောတူညီချက်နှင့်ပတ်သက်၍ အငြင်းပွားမှုများဖြစ်လာနိုင်သည်။

ပြီးခဲ့သည့်နှစ်က ဂလပ်စ်ဂိုတွင်ကျင်းပသော COP 26 ထိပ်သီးအစည်းအဝေး၌ ဝင်ငွေမြင့်မားသောနိုင်ငံများက ဝင်ငွေနိမ့်သောနိုင်ငံများ၏ ပျက်စီးဆုံးရှုံးမှုအတွက် နစ်နာကြေးနှင့်လျော်ကြေးပေးရန်အဆိုပြုချက်ကို ပယ်ချခဲ့ပြီးအဆိုပါကိစ္စအတွက် သုံးနှစ်ကြာဆွေးနွေးမှုအသစ်ကို ထောက်ခံအားပေးခဲ့ကြောင်းသိရှိရသည်။

ယခု COP 27 ၏ ပျက်စီးဆုံးရှုံးမှုဆိုင်ရာဆွေးနွေးမှုတွင် ပေးရန်တာဝန်နှင့် ဥပဒေ ကြောင်းအရ လျော်ကြေးပေးရန်ဆုံးဖြတ်မှုများ မပါဝင်သော်လည်း ၂၀၂၄ ထက်နောက်မကျဘဲ အပြီးသတ်ဆုံးဖြတ်ချက်တစ်ခုရရန် ရည်ရွယ်သည်ဟုလည်းသိရှိရသည်။

“ဒီအစီအစဉ်မှာအဓိကပါဝင်တာကတော့ ရာသီဥတုဘေးဒဏ်ခံရသူတွေအတွက် စည်းလုံးညီညွတ်မှုသဘောကိုထင်ဟပ်စေမှာပါ” ဟုလည်းဖော်ပြထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here