ဖေ့ဘွတ်ခ်၏  မိခင်ကုမ္ပဏီ မက်တာသည်လည်း ဝန်ထမ်းများ ကိုထောင်နှင့်ချီ၍ ဖြုတ်ချတော့မည်

0
244

ဖေ့ဘွတ်ခ်၏ မိခင်ကုမ္ပဏီ မက်တာသည် ပြီးခဲ့သည့်လက ၎င်း၏ ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၈၀ ဘီလျံကို ဆုံးရှုံးခဲ့ပြီးနောက် ယခုအခါ ရုံးဝန်ထမ်းများ ကိုထောင်နှင့်ချီ ၍လျော့ချသွားရန် ပြင်ဆင်နေကြောင်း သိရသည်။

အလုပ်ဖြုတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြေညာသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ မက်တာ လုပ်သား ရှစ်ထောင့် ခုနှစ်ရာခန့် ဖြုတ်သွားမည်ဟု ခန့်မှန်းထားကြောင်း ဝေါစထရိ ဂျာနယ်က တနင်္ဂနွေ့တွင် ပြောခဲ့သည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ မက်တာက အတည်ပြုရန် ငြင်းဆိုခဲ့သော်လည်း ဇူကာဘတ် ပြောခဲ့ဖူးသော “ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုအရေးကြီးပြီး တိုးတက်ဖို့လိုနေတဲ့ နေရာတွေမှာသာ အာရုံစိုက်သွားမှာပါ” ဟူသော စကားကို ပြန်လည် ကိုးကားဖော်ပြခဲ့သည်။

“အားလုံးခြုံပြီး အကြမ်းဖျင်း ပြောရရင် ၂၀၂၃ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းဟာ အခုရှိနေတာဟာနဲ့  အတူတူနီးပါး ဖြစ်နေမယ် ဒါမှမဟုတ် ပိုသေးသွားဖို့ မျှော်မှန်းထားပါတယ်” ဟူသော ဇူကာဘတ်၏ ပြောစကားကို ကြည့်ခြင်းဖြင့် မက်တာသည် အချို့သော ဌာနကြီးများတွင် လုပ်သားတချို့ ဖြုတ်သွားနိုင်ကြောင်း သိရသည်။

source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here