ရန်ကုန်တွင် လမ်းလျှောက်လာသူ ၂ ဦးကိုင်ဆောင်ထားသည့် ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၁ သိန်းကျော်ဖမ်းမိ

0
255

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊ ၄ ရပ်ကွက်တွင် နိုဝင်ဘာ ၆ ရက်မွန်းတည့်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များသည် သတင်းအရ ၄ ရပ်ကွက်၊တော်၀င်လမ်း၌ လမ်း လျှောက်လာသူ ဦးဦးသန်း(၃၉)နှစ်နှင့်ကျော်သိန်းထွန်း(၃၅)နှစ်တို့အား စစ်ဆေးခဲ့ကြသည်။

၎င်းတို့ကိုင်ဆောင်လာသည့် ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၁၁၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် မရမ်းကုန်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here