ထိုင်ဝမ်သို့  ဗြိတိန်ဝန်ကြီး လာရောက်လည်ပတ်ပြီး သမ္မတနှင့် တွေ့ဆုံသွားမည်

0
181

တရုတ်(တိုင်ပေ)၊ နိုဝင်ဘာ ၄

ဗြိတိန် ဝန်ကြီးတစ်ဦးသည် ကုန်သွယ်ရေးဆွေးနွေးပွဲအတွက် ထိုင်ဝမ်သို့ ယခုသီတင်းပတ်အတွင်း သွားရောက်မည်ဖြစ်ပြီး သမ္မတ ချိုင်းအင်ဝန် နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ၎င်း၏ရုံးက နိုဝင်ဘာ ၇ ရက် တနင်္လာနေ့တွင် ပြောခဲ့သည်။

ဗြိတိန်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှုဌာနက ကုန်သွယ်ရေး ဝန်ကြီး ဂရတ် ဟန်းစ်သည် ၎င်း၏ နှစ်ရက်တာ ခရီးစဉ်အတွင်း ချိုင်းနှင့် တွေ့ဆုံပြီး ၂၅ ကြိမ်မြောက် ဗြိတိန်-တိုင်ပေ ကုန်သွယ်ရေး ဆွေးနွေးပွဲကို ပူးတွဲကျင်းပမည်ဖြစ်ကြောင်း ပြောသည်။

“ထိုင်ဝမ်ကို လူကိုယ်တိုင် လာရောက်လည်ပတ်တာဟာ ဗြိတိန်-တိုင်ပေ ကုန်သွယ်မှုကို တိုးမြှင့်ပေးမယ်ဆိုတဲ့ ဗြိတိန်ရဲ့ ကတိကဝတ်ကို ရှင်းရှင်းလင်းလင်း အချက်ပြတာပါပဲ” ဟု ဟန်းစ်၏ ရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်သည် ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေး မရှိသော်လည်း ထိုနှစ်နိုင်ငံသည် စီးပွားရေးအရ ရင်းနှီးသော ဆက်ဆံရေးရှိကြသည်။

ပေကျင်းက ပြင်းပြင်းထန်ထန် ကန့်ကွက်နေသော်လည်း အနောက်တိုင်း လွှတ်တော်အမတ်များနှင့် အခြားအရာရှိများသည် ထိုင်ဝမ်သို့ လာရောက်လည်ပတ်ခြင်းကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

Source:CNA

Photo: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here