ဂျီ ၂၀ အစည်းအဝေးသို့ ပူတင် တက်ရောက်ဖြစ်မည် မထင်ကြောင်း ဝီဒိုဒို ပြော

0
153

ဂျာကာတာ၊ နိုဝင်ဘာ ၈

ရုရှားသမ္မတ ပူတင်သည် လာမည့်အပတ်တွင် ကျင်းပမည့် ဂျီ ၂၀ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးနှင့် လွဲချော်နိုင်ကြောင်း အိမ်ရှင်ဖြစ်သည့် အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက မီဒီယာများသို့ နိုဝင်ဘာလ ၇ ရက် တနင်္လာနေ့က ပြောခဲ့သည်။

ပြီးခဲ့သည့်အပတ်က ပူတင်နှင့် စကားပြောဆိုခဲ့ရာ ဘာလီရှိ အစည်းအဝေးသို့ တက်ရောက်မည် မဟုတ်ဟူသော သေချာလုနီးပါးရှိသည့် ထင်မြင်ချက်ရခဲ့ကြောင်း ဝီဒိုဒိုက ဆိုသည်။ 

ဂျီ ၂၀ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အင်ဒိုနီးရှားသည် ရုရှားကို ဖိတ်ခေါ်ခြင်းမပြုရန်နှင့် အဖွဲ့ထဲမှ ထုတ်ပယ်ရန် တောင်းဆိုနေသည့် အနောက်နိုင်ငံများနှင့် ယူကရိန်းတို့၏ ဖိအားများကို တောင့်ခံကာ ရုရှားကို အစည်းအဝေးသို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဖိုင်နန်ရှယ် တိုင်းမ်စ် သတင်းဌာနနှင့် အင်တာဗျူးခဲ့စဉ်တွင် ဝီဒိုဒိုက ရုရှားအား အစည်းအဝေးက ဆက်လက်ကြိုဆိုနေကြောင်း၊ ဂျီ ၂၀ သည် နိုင်ငံရေး ဆွေးနွေးပွဲ မဟုတ်ကြောင်းနှင့် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးသည့် နေရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို အစည်းအဝေးပွဲသို့ ဂျိုးဘိုင်ဒင်နှင့် ရှီကျင့်ဖျင် အပါအဝင် အခြားသော ကမ္ဘာ့ခေါင်းဆောင်အများအပြား တက်ရောက်ရန် မျှော်လင့်ထားသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here