ရခိုင်ပြည်နယ်ရှိ လောကာနန္ဒာစေတီတော်အား တန်ဆောင်မုန်းလပြည့်ညက ဆီမီးတစ်သောင်းထွန်းညှိပူဇော်

0
230

ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ လောကာနန္ဒာစေတီတော်အား နိုဝင်ဘာ ၇ ရက်(တန်ဆောင်မုန်းလပြည့်)ညက ဆီမီးတစ်သောင်းထွန်းညှိပူဇော်ခဲ့ကြသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများ လူမှုရေးအသင်းအဖွဲ့များ၊ဘုရာဖူးများက စေတီတော်ရင် ပြင်တော်ပေါ်၌ ထွန်းညှိပူဇော်ခဲ့ကြခြင်းဖြစ်သည်။

ဆီမီးတစ်သောင်းထွန်းညှိပူဇော်ခြင်းအပြင် မီးပုံး ပျံအလုံးရေ ၂၀၀ ကျော်ကိုလည်း လွှတ်တင်ခဲ့ကြပြီး ဘုရားဖူးလာသူများအား ပြည်နယ်ရှိ ဌာနဆိုင် ရာ ၂၀ ကျော်မှ စတုဒိသာများကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here