APEC အ စည်းအဝေးကာလအတွင်း သတ်မှတ်စည်းကမ်းများနှင့်အညီ သွားလာနေထိုင်ရန် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအားမြန်မာသံရုံးအသိပေး

0
249

ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့တွင် နိုဝင်ဘာ ၁၄ ရက်မှ ၁၉ ရက်အထိ APEC အစည်းအဝေးအား ကျင်းပမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဗန်ကောက်မြို့က အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ထိုင်းနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ဗန်ကောက်မြို့ လုံခြုံရေးအတွက် လေဆိပ်၊ ရေဆိပ်နှင့် ဝင်/ထွက်ဂိတ်များအပါအဝင် နေရာအနှံ့ တင်းကျပ်စွာစစ်ဆေးမှုများအား ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်ဆေးမှုများကြောင့် ထိုင်းနိုင်ငံ၌ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် အစည်း အဝေးကာလအတွင်း ပြစ်မှုတစ်စုံတစ်ရာကျူး လွန်မှုမဖြစ်စေရန် သတ်မှတ်စည်းကမ်းများနှင့်အ ညီ သွားလာနေထိုင်ကြရန် မြန်မာသံရုံး၊ဗန်ကောက်မြို့က အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here