တရုတ် BYD ကုမ္ပဏီက ပရီမီယံလျှပ်စစ်ကားတံဆိပ်အသစ်ကို ၂၀၂၃ ခုနှစ်တွင်စတင်မိတ်ဆက်တော့မည်

0
225

ရှန်ဟိုင်း၊နိုဝင်ဘာ ၈

တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီးတစ်ခုဖြစ်သည့် BYD သည် ပရီမီယံလျှပ်စစ်ကားတံဆိပ်အသစ်အား ၂၀၂၃ ခုနှစ် ပမထသုံးလပတ်၌ပင် မိတ်ဆက်သွားမည်ဖြစ်ကြောင်း အင်္ဂါနေ့ကပြောကြားခဲ့သည်။ယခုမိတ်ဆက်သည့်လျှပ်စစ်ကား၏တန်ဖိုးသည် ယွမ်တစ်သန်း (ဒေါ်လာ ၁၃၈,၀၉၆ ဒသမ ၇၅) နှင့်အထက် ဈေးရှိမည်ဖြစ်ကြောင်း BYD ကပြောကြားခဲ့သည်။

ယခုနှစ်တွင်၎င်း၏ထုတ်ကုန်များမှ ဓာတ်ဆီကားများကိုဖျက်သိမ်းလိုက်သော BYD သည် တရုတ်ဗဟိုအစိုးရနှင့်ဒေသန္တရအစိုးရများကကမ်းလှမ်းထားသော လျှပ်စစ်ကားများအတွက် ထုတ်လုပ်နိုင်မှုအခွင့်အရေးကို အခြားကားထုတ်လုပ်သူများထက်ပိုမိုလုပ်ဆောင်နိုင်ခဲ့သည်။

ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံးမော်တော်ယာဉ်ဈေးကွက်၏ လျှပ်စစ်ကားရောင်းချမှုတွင် ထိပ်ဆုံးမှရပ်တည်နေပြီး ပထမ ၁၀ လအတွင်း ရောင်းအား ၁ ဒသမ ၄ သန်းအထိသုံးဆကျော်ထိုးတက်သွားကြောင်း ကုမ္ပဏီ၏စာရင်းဇယားများအရသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here