ဆူးလေစေတီတော်ဝန်းကျင် အများပြည်သူနေ ရာတွင် ကျူးကျော်ခင်းကျင်းရောင်းချမှုများအားဖယ်ရှားရှင်းလင်းသွားမည်

0
258

ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှ နိုဝင်ဘာ ၈ ရက် (ယနေ့)နံနက် ၁၀ နာရီကပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့်ပတ် သက်၍ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆူးလေစေတီတော်ဝန်းကျင်သည် ရန်ကုန်မြို့၏ လမ်းပန်းဆက်သွယ်ရေးကွန်ရက်အရ၊စီးပွားရေး၊အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာ ကဏ္ဍာများအရ၊ ရန်ကုန်မြို့လယ်ဗဟိုစီးပွားရေးဇုန်၏ အ ချက်အခြာနေရာတွင်တည်ရှိသည်ဟု ပြောသည်။

ထို့ကြောင့် ဆူးလေစေတီတော်အားဗဟိုပြု၍ လမ်းမကြီးများဝဲယာသန့်ရှင်းသာယာသပ်ရပ်ရေး အတွက် အဆောက်အဦးမျက်နှာစာ၊အုတ်နံရံများသစ်လွင်ရေး၊လမ်းများကောင်းမွန်ရေး၊အများပြည်သူနေရာတွင် ကျူးကျော်ခင်းကျင်းရောင်းချမှုများဖယ်ရှားရှင်းလင်းရေးရမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် စည်းကမ်းထိန်းသိမ်းရေးနှင့်အမှိုက်ကင်းစင်ရေးတို့အား ဌာနများ၊ပုဂ္ဂလိကအဖွဲ့အစည်းများအားလုံးက ညီညီညွတ်ညွတ်ပူးပေါင်းဆောင် ရွက်၍ ရန်ကုန်မြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့် ရှင်းသပ်ရပ်အောင်ဆောင်ရွက်ရမည်ဟု မြို့တော် ဝန်ကမှာကြားခဲ့သည်။

ပွင့်လင်းရာသီသို့ရောက်လာပြီဖြစ်၍ ရန်ကုန်မြို့ တော်သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် အ ပတ်စဉ်ဆောင်ရွက်နေသည့် စနေနေ့အထူးစု ပေါင်းလုပ်အားပေးပွဲများအပြင် သက်ဆိုင်ရာ ဌာ နအလိုက် ယခုမှစ၍ နေ့စဉ်လုပ်ဆောင်သွားရန်လည်း မှာကြားခဲ့သည်။

အစည်းအဝေးသို့ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး၊ ဒု-မြို့တော်ဝန်ဦးညီညီနှင့်ကျောက်တံတားခရိုင်၊ဗိုလ်တစ်ထောင်ခရိုင်နှင့်သက်ဆိုင်ရာခရိုင်များ အ လိုက် မြို့နယ်များမှစီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများ၊တိုင်းမီး သတ်ဦးစီးမှူးရုံး၊မြန်မာ့မီးရထား(အောက်မြန်မာပြည်)နှင့်တိုင်း(၇)တို့မှတာဝန်ရှိသူများ၊ကျောက် တံတားမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ရုပ်ရှင်ရုံလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here