ရုရှားနိုင်ငံ၊ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး

0
223

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှားနိုင်ငံ၊ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ် နှံမှုရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး မစ္စတာ အ လက်ဇန်းဒါး ဆာဂီးအဲဗစ်ရှ် ရှာတီရော့ဗ်အား နိုဝင် ဘာ ၈ ရက်(ယနေ့)နံနက် ၈ နာရီက နေပြည်တော် ၌လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ လက်ခံတွေ့ဆုံပြီးနောက် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနနှင့်ရော့စ်ကွန် ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ တို့ကြားကုန် သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် မြန်မာ-ရုရှား နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ခရီးသွားကဏ္ဍ၊စိုက် ပျိုးရေးကဏ္ဍ၊သတ္တုကဏ္ဍ၊စက်မှုကဏ္ဍ၊လျှစ်စစ်ကဏ္ဍ၊စွမ်းအင်ကဏ္ဍ၊ယဉ်ကျေးမှုနှင့်ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here