အိန္ဒိယသည်ရုရှားဆီကိုအဓိကတင်သွင်းသူဖြစ်လာ၊အမေရိကအနေဖြင့်ပိတ်ဆို့အရေးယူရန်မရှိဟုဆို

0
210

ဝါရှင်တန်၊နိုဝင်ဘာ ၈

အမေရိကအနေဖြင့် အခြားနိုင်ငံများသို့ ရုရှားစွမ်းအင်တင်ပို့မှုနှင့်ပတ်သက်၍ ပိတ်ဆို့အရေးယူရန်အစီအစဉ်မရှိသေးကြောင်း ပါကစ္စတန်သတင်းစာ Dawn က အမေရိကန်နိုင်ငံခြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးအား ကိုးကားလျက်ဖော်ပြခဲ့သည်။

ယခုသတင်းသည် အောက်တိုဘာလ၌ ရုရှားကအိန္ဒိယ၏ထိပ်တန်းရေနံရောင်းချသူဖြစ်လာပြီး ပါကစ္စတန်ကရုရှားထံမှ စွမ်းအင်ထောက်ပံ့မှုကို လျှော့ဈေးဖြင့်ရရှိရန်ကြိုးပမ်းနေချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

ရုရှား-ယူကရိန်းစစ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ဈေးကွက်အပေါ်သက်ရောက်မှုများကို လျော့ပါးသက်သာစေရန်လည်း အိန္ဒိယနှင့်ဥရောပမဟာမိတ်များအပါအဝင် မိတ်ဖက်နိုင်ငံများနှင့်ပါဆက်လက်ညှိနှိုင်းနေကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ထိုအတောအတွင်း အိန္ဒိယ၏ရုရှားရေနံတင်သွင်းမှုသည် အောက်တိုဘာလကသိသိသာသာမြင့်တက်လာကာ ယခင်နှင့်နှိုင်းယှဉ်ပါကအမြင့်ဆုံးသို့ရောက်ရှိလာခဲ့သည်။

ရုရှား – ယူကရိန်းအရေးမတိုင်မီ ၂၀၂၁ ခုနှစ်က ရုရှားသည်အိန္ဒိယသို့တစ်နေ့လျှင်ရေနံစည်ပေါင်း ၃၆,၂၅၅ စည်သာတင်သွင်းခဲ့ရာမှ ယခုနှစ်အောက်တိုဘာလတွင် ၉၃၅,၅၅၆ စည်အထိတိုးမြှင့်တင်သွင်းခဲ့ကြောင်းဖော်ပြထားသည်။

ယူကရိန်းနှင့်စစ်ပွဲကြောင့် ရုရှားအပေါ်အနောက်အုပ်စုများ၏ပိတ်ဆို့ဒဏ်ခတ်မှုများအပြီး၌ အိန္ဒိယသို့ရုရှားဆီတင်သွင်းမှုတိုးလာခြင်းဖြစ်သည်။ရုရှားအပေါ်အနောက်နိုင်ငံများကပိတ်ဆို့မှုများဖြင့် စွမ်းအင်ထောက်ပံ့ရေးကွင်းဆက်ကိုဖြတ်ရန်ကြိုးပမ်းနေချိန်တွင် မော်စကိုက၎င်း၏ဆီများကို လျှော့ဈေးဖြင့်အာရှဘက်သို့ရောင်းချရန် အားထုတ်လာခဲ့သည်။

အိန္ဒိယနှင့်တရုတ်တို့ကလည်း အဆိုပါအခွင့်အရေးကိုအသုံးချကာ ရုရှားရေနံအများဆုံးတင်သွင်းသူများဖြစ်လာကြသည်။အိန္ဒိယရေနံလိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းသည် ရုရှားမှတင်သွင်းမှုအပေါ်မှီခိုနေကြောင်းဖော်ပြထားပြီး မော်စကို ၏ပိတ်ဆို့မှုများကြောင့် ကမောက်ကမဖြစ်ခဲ့ရသည့်ကမ္ဘာ့ရေနံဈေးနှုန်းများကြောင့် အိန္ဒိယသည်လည်း ၎င်း၏ရေနံလိုအပ်ချက်ပြည့်မီရန် နည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်းခဲ့သည်။

Source : Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here