သာကေတ ကမာကြည်တံတားအဆင်းလမ်းဆုံတွင် ကား ၂ စီးမျက်နှာချင်းဆိုင်တိုက်၍ ၄ ဦးဒဏ်ရာရ

0
333

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ကမာကြည်တံတားအဆင်းရှိ ၈/၉ လမ်းဆုံတွင် နိုဝင်ဘာ ၉ ရက်(ယနေ့)နံနက်ပိုင်းက ကား ၂ စီးမျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယနေ့နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က ကမာကြည်တံတားအဆင်းရှိ ၈/၉ လမ်းဆုံတွင် Hijet ကားနှင့် Suzuki ကားတို့မျက်နှာချင်းဆိုင်တိုက်မိကြောင်း သတင်းအရ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ အခြားလူမှုကူညီရေးအသင်းများနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်၌ ပေါင်ရိုးကျိုး၊ခြေထောက်ထိခိုက်၊ဦးခေါင်းထိခိုက်၊ခြေထောက်ထိခိုက်ဒဏ်ရာများ ရရှိခဲ့သူ ၄ ဦးရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းများက မြေပြင်အရေးပေါ်ပြုစုကုသမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးအား ပေး ဆပ်သူတို့နှလုံးသားပရဟိတအသင်း၊မြင့်မြတ်အားမာန်လူမှုကူညီရေးအသင်း၊အောင်မင်္ဂလာလူ မှုကူညီရေးအသင်းတို့မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြသည်။

ဖြစ်စဥ်အား ယာဥ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here