ရန်ကုန်ရွှေ ရည်ညွှန်းဈေး သိန်း ၂၀ အပေါ်ရောက် ၊ ပြင်ပပေါက်ဈေး (၂၇) သိန်းဝန်းကျင်ဖြင့် ဈေးစဖွင့်

0
243

ရန်ကုန်တိုင်း ရွှေအသင်း၏ နိုဝင်ဘာ (၉) ရက် ရည်ညွှန်းဈေးနှုန်းမှာ ၂၀၁၄၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ထားပြီး ပြင်ပဈေးကွက်တွင် (၂၇) သိန်းဝန်ကျင်ဖြင့် ဈေးဖွင့်အရောင်း အဝယ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 အဆိုပါ ရည်ညွှန်းဈေးနှုန်းမှာ ယမန်နေ့ နိုဝင်ဘာ (၈) ရ က် ဈေးကွက်ပိတ်ချိန် ရည်ညွှန်းဈေးထက် ၅၀၀၀၀ ဝန်း ကျင် မြင့်တက်လာခြင်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးတက်နေသ ည့်အတွက် ယခုလို ဈေးလိုက်တိုက်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှ ကုန်သည်တစ်ဦးက သုံး သပ်သည်။

” ကမ္ဘာ့ရွှေဈေး တက်တာကြောင့် လိုက်တက် ဖြစ်မယ်ထင်တယ်။ ပြင်ပဈေးနှုန်းကတော့ သိသိသာသာ မပြော င်းလဲပါဘူး။ ထောင်ပိုင်းသောင်းပိုင်းလောက်ပဲ တက်တ ယ်။ ဒေါ်လာဈေးလည်း ငြိမ်တယ်ပေါ့နော်။ ကမ္ဘာ့ရွှေဈေးကတော့ တစ်လအတွင်း အမြင့်ဆုံးကို ရောက်တာပေါ့နော်။ အဲဒါကြောင့် သူတို့လည်း ဈေးနှုန်းကို တက်ပြီး သ တ်မှတ်ပုံရပါတယ်” ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည် ပြီးခဲ့သည့်လအတွင်း တရိပ်ရိပ်မြင့်တက်လာရာမှ လက်ရှိတွင် တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၇၁၀ အထိ မြင့်တက်လာခြင်း ဖြစ်သည်။

ယနေ့ နိုဝင်ဘာ (၉) ရက် ပြင်ပရွှေဈေးကွက်အတွင်း အ ရောင်းအဝယ် ပြုလုပ်နေသည့် ရွှေဈေးနှုန်းမှာ အခေါက် ရွှေတစ်ကျပ်သားလျင် ၂၆၇၀၀၀၀ မှ ၂၆၈၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ပြုလုပ်နေပြီး ဆိုင်အလိုက် ဈေး နှု န်း ကွာဟမှု အနည်းငယ်ရှိကြောင်း သိရသည်။

အစိုးရက ရွှေဈေးနှုန်း ထိန်းညှိရန် ဈေးနှုန်းသတ်မှတ်မှုများ လုပ်ဆောင်နေပြီး ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များအားလုံး အခေါက်ရွှေတစ်ကျပ်သားလျင် ၂၅၃၀၀၀၀ နှုန်းဖြင့် ရောင်းချကြရန် ညွှန်ကြားထားသည်။

ယင်းသို့ ညွှန်ကြားထားသော်လည်း လက်ရှိတွင် တစ်ကျပ်သားလျင် ၂၅၀၀၀၀ ဝန်းကျင် ဈေးတင်ရောင်းချလျက်ရှိကြောင်း ‌ရန်ကုန်ဈေးကွက် ပေါက်ဈေးများအရ သိရသည်။

ပြည်တွင်း ဒေါ်လာဈေးကွက်တွင် လက်ရှိအချိန်၌ ဈေး နှု န်းတည်ငြိမ်နေပြီး တစ်ဒေါ်လာလျင် ၃၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here