နီပေါတွင် အင်အား ၆ ဒသမ ၆ မြေငလျင်လှုပ်သဖြင့် သေဆုံး ပျက်စီးမှုများရှိ

0
279

နီပေါနိုင်ငံ အနောက်ပိုင်း ဒိုတီခရိုင်တွင် ရစ်ခတာစကေး အင်အား ၆ ဒသမ ၆ ရှိသည့် မြေငလျင်တစ်ခု ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၉ ရက်) အစောပိုင်းက လှုပ်ခတ်ခဲ့သဖြင့် လူခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်။ အဆိုပါ မြေငလျင်သည် အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီတွင်ပင် လှုပ်ခတ်မှုရှိကြောင်း အိန္ဒိယတာဝန်ရှိသူတို့က အတည်ပြုပြောကြားသည်။

နီပေါတွင် အဆိုပါမြေငလျင်ကြောင့် နေအိမ်ရှစ်လုံးပြိုကျခဲ့ကာ အခြားလူငါးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒိုတီမြို့ရဲဌာနမှ လက်ထောက်အကြီးအကဲ Bhola Bhatta က ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Tulsi Rijal အစောပိုင်း ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းကို ကိုးကား၍ အတည်ပြုပြောကြားခဲ့သည်။ ဒဏ်ရာရသူများကို နယ်မြေဆိုင်ရာဆေးရုံသို့ ပို့ဆောင်ထားကြောင်းကိုလည်း ရဲတပ်ဖွဲ့က ပြောသည်။

နီပေါနိုင်ငံတွင် ၂၀၁၅ ခုနှစ်က ကြီးမားသော မြေငလျင် နှစ်ကြိမ် လှုပ်ခတ်ခဲပြီးနောက် လူပေါင်း ၉,၀၀၀ နီးပါး သေဆုံးခဲ့ကာ၊ ရာစုနှစ်နှင့်ချီ၍ သက်တမ်းရှိသော ဘုရားကျောင်းများလည်း ပျက်စီးခဲ့ပြီး နိုင်ငံဘဏ္ဍာရေးကိုလည်း ဒေါ်လာ ၆ ဘီလီယံမျှထိခိုက် ဆုံးရှုံးခဲ့သည်။ ယင်းပျက်စီးဆုံးရှုံးမှုများကို ပြန်လည် တည်ဆောက်နေဆဲနှင့် တိုင်းပြည်စီးပွားရေးအကျပ်အတည်းဖြစ်နေဆဲကာလတွင် ယခုကဲ့သို့ မြေငလျင်ထပ်မံလှုပ်ခတ်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here