ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မြန်မာ MoU အ လုပ်သမား ၁၀၀ ဦးသည် နိုဝင်ဘာ ၈ ရက်မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် စက်လှေများဖြင့်ထွက်ခွာသွားခဲ့ကြသည်။
မြန်မာ MoU အလုပ်သမားများအား ရန်ကုန်လေ ဆိပ်မှတဆင့် ကော့သောင်းမြို့သို့ ၎င်းတို့အားတာဝန်ယူပို့ဆောင်ပေးမည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး(ထိုင်း)လိုင်စင်ရအေဂျင်စီက လေ ကြောင်းခရီးစဥ်ဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ် သည်။
ထို့နောက် မြန်မာ MoU အလုပ်သမားများအား ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ စက်လှေများဖြင့် စနစ်တကျ ထပ်မံပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင်ရှာဖွေရေး(ထိုင်း)လိုင်စင်ရအေဂျင်စီ S.M.Z Co,Ltd မှ ထိုင်းနိုင်ငံရှိ Chicony Election (Thailand) Co,Ltd သို့ အမျိုးသား ၄၀ ဦးနှင့်အမျိုးသမီး ၆၀ ဦးတို့အား ၂ နှစ်စာချုပ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ MoU အလုပ်သမားများအား ကော့သောင်းခရိုင်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ကော့သောင်းခရိုင်ရုံး၊လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့်တာဝန်ရှိအဖွဲ့အစည်းများက လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။