စားအုန်းဆီ ရည်ညွှန်ဈေး ၄၃၃၀ ကျော်ဖြင့် ဈေးမြှင့်သ တ်မှတ် ၊ ဈေးကွက်တွင် တစ်ပိဿာ ၆၇၀၀ဝန်းကျင်ရောင်း ချနေ

0
219

ပြည်တွင်း စားအုန်းဆီ ဈေးနှုန်းအနေဖြင့် ၄၃၃၀ ကျပ်ဖြင့်ရောင်းချရန် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ရည်ညွှန်း သတ် မှတ်ထားပြီး ယခင်တပတ်ဈေးနှုန်းထက် ၁၀၀ ဝန်းကျင် ဈေးမြှင့် သတ်မှတ်ထားကြောင်း သိရသည်။

ယင်းကဲ့သို့ ဈေးမြှင့် သတ်မှတ်ထားသော်လည်း ဈေးကွ က်တွင် စားအုန်းဆီ  တစ်ပိဿာလျင် ၂၀၀၀ ကျော် ဈေးတင်ရောင်းချနေပြီး အနည်းငယ်သာ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။

လက်ရှိဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာလျင် ၆၅၀၀ မှ၆၇၀၀ ကျပ်ဝန်းကျင် ရောင်းချနေပြီး ပြီးခဲ့သည့် အောက်တို ဘာလ ဈေးနှုန်းထက် ၂၀၀၀ ကျပ်နီးပါး ကျဆင်းလာကြောင်း သိရသည်။

” ဈေးကတော့ကျတော့ကျတယ်။ အရင်လကထက် ၂၀၀၀ လောက် ပြန်ကျတယ် ပြောရမယ်။ အရင်လက ၉၀၀၀ လောက်အထိ ပြန်တက်တယ် ။ အခုတော့ ၆၅၀၀ဝန်းကျင်ကို ပြန်ကျတယ်ပေါ့” ဟု ရန်ကုန်မြို့မှ ဆီကုန်သ ည် တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

ပြည်တွင်း စားအုန်းဆီဈေးကွက်တွင် ရောင်းချရမည့် အ ခြေခံ ကြမ်းခင်းရည်ညွှန်ဈေးကို တစ်ပတ်လျင်တစ်ကြိမ်စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ရည်ညွှန်းသတ်မှတ်ပေးနေပြီး ယခုတစ်ပတ် ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျင် ၄၃၃၀ ကျပ် ဖြစ်သည်။

ပြီးခဲ့သည့် အပတ်အတွက် ကော်မတီမှ သတ်မှတ်ပေးခဲ့သည့် ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျင် ၄၂၂၅ကျပ် ဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီး ကြပ်ရေးကော်မတီ အနေဖြင့် ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည် ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေပြီး ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ် ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ထုတ်ပြန်ထားသော်လည်း ပြည်တွင်းဈေး ကွ က်၌ စားအုန်းဆီဈေးနှုန်းမှာ အသင်း၏ ရည်ညွှန်းဈေးနှု န်းထက် အဆမတန်ဈေးမြှင့် ရောင်းချနေကြဆဲဖြစ်သည် ။


LEAVE A REPLY

Please enter your comment!
Please enter your name here