ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း (၁)၊ (၂)၊ (၃)တို့ပါ သဘောတူညီချက်များအား ဖွဲ့ စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊တည်ဆဲဥပ ဒေများနှင့်ကိုက်ညီမှု ရှိ/မရှိ လေ့လာစိစစ်ချက်များအားဆွေးနွေး

0
206

နစက ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်မွန်ပြည်သစ်ပါတီ(NMSP)အဖွဲ့တို့ နိုဝင်ဘာ ၉ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံစဥ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့် မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်းတို့က နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြသည်။ 

ထို့နောက် ဒုတိယအကြိမ်ဆွေးနွေးခဲ့စဉ်ကမပြီးပြတ်ဘဲ ဆက်လက်ဆွေးနွေးညှိနှိုင်းရန်ကျန်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်းနှင့်ဇယား ၂ တိုင်း(သို့)ပြည်နယ် ဥပဒေပြုစာရင်း၊ပြည်ထောင် စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)၊ (၂)၊ (၃) တို့ပါ သဘောတူညီချက်များအား ဖွဲ့စည်းပုံအခြေ ခံဥပဒေ(၂၀၀၈ ခုနှစ်)၊တည်ဆဲဥပဒေများနှင့်ကိုက်ညီမှု ရှိ/မရှိ လေ့လာစိစစ်ချက်များအားဆွေးနွေး၍ တက်ရောက်လာကြသူများက သ ဘောထားများ၊လိုလားချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုး ရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်တို့တက်ရောက်ခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ(NMSP)ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်အတူ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ် တို့လည်းတက်ရောက်ခဲ့ကြပြီး နိုဝင်ဘာ ၁၀ ရက်တွင် ဒုတိယနေ့အဖြစ်ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here