ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အမျိုးသားတစ်ဦးအား ဓားဖြင့်ခုတ် သေနတ်ဖြင့်ပစ်သတ်ခဲ့သူအား နာရီပိုင်းအတွင်းဖမ်းဆီးရမိ

0
304

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ်၊ယန်းလောကျေးရွာအုပ်စု၊စွန်နော်ခမ်းကျေးရွာနှင့်ဝေါ်ခုတ်ကျေးရွာသွားလမ်းတွင် နိုဝင်ဘာ ၉ ရက်နံ နက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းနေ့နံနက် ၈ နာရီခန့်က စွန်နော်ခမ်းကျေးရွာနေ ဦးကျလူး(၃၈)နှစ်သည် အခင်းဖြစ်နေရာ၌ သေနတ်ဒဏ်ရာ၊ဓားဒဏ်ရာများဖြင့် ဆိုင်ကယ်အားခွလျက် လမ်းဘေးအုတ်နံရံဘယ်ဘက်ခြမ်းသို့ လဲကျသေဆုံးနေကြောင်း သတင်းအရ ကျိုင်းတုံမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးခဲ့ကြသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူသည် စွန်နော်ခမ်းကျေးရွာနေ ဦးလောဟူး(ခ)အားဟူလိ(၅၄)နှစ်ဖြစ်ကာ ပြစ်မှုကျူးလွန်ပြီးနောက်ထွက်ပြေးတိမ်း ရှောင်သွားကြောင်း စုံစမ်းသိရှိရသဖြင့် ဖမ်းဆီးရ မိရေးအတွက် ပိတ်ဆို့ရှာဖွေခဲ့ကြသည်။

ထိုသို့ ပိတ်ဆို့ရှာဖွေခဲ့၍ ဦးလောဟူး(ခ)အားဟူလိအား မွန်းလွဲ ၂ နာရီခွဲတွင် ပန်ကြူကျေးရွာအုပ်စု၊လှော်ကားကိုကျေးရွာနှင့်ပန်ကော်ကျေးရွာကြား လမ်းမပေါ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်၍ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here