ချားစ်ဘုရင်အား ကြက်ဥဖြင့်ပေါက်သူအဖမ်းခံရ

0
203

ယော့ခ် (အင်္ဂလန်)၊နိုဝင်ဘာ ၉

အင်္ဂလန်မြောက်ပိုင်းသို့ ‌ရောက်ရှိနေသည့် တတိယမြောက်ချား လ်စ်ဘုရင် နှင့် ၎င်း၏ကြင်ယာတော် ကင်မ်မလာတို့ကို ကြက်ဥများဖြင့်ပစ်ပေါက်ခဲ့သူအား ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းသိရှိရသည်။

လူမှုကွန်ရက်မှဗီဒီယိုများအရ တော်ဝင်ခရီးစဉ်ဖြင့် ယော့ခ်သို့ရောက်ရှိလာသည့် ဘုရင်ကြီးနှင့်မိဖုရားထံသို့ ကြက်ဥလေးလုံးဖြင့်ပစ်ပေါက်ခဲ့သော်လည်း ၎င်းတို့အားမထိပဲလွတ်သွားခဲ့ကြောင်းတွေ့ရှိရသည်။

ယော့ခ်ရှိ မစ်ကယ်ဂိတ်တွင်ဖြစ်ပွားခဲ့သောအဆိုပါဖြစ်ရပ်‌ကြောင့် “အများပြည်သူဥပ‌ဒေချိုးဖောက်မှုဆိုင်ရာပြစ်မှုဖြင့် အသက် ၂၃ နှစ်အရွယ်အမျိုးသားတစ်ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့သည်” ဟု ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး ၎င်းအားလက်ရှိအချိန်၌ ရဲစခန်းတွင်ထိန်းသိမ်းထားကြောင်းသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here