လှိုင်သာယာ စက်မှုဇုံ (၂) မှ အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား၊ Level 2 အဆင့်ဖြင့် ငြိမ်းသတ်ခဲ့ရ

0
284

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် စက်မှုဇုံ (၂) မှ အထည်ချုပ်စက်ရုံတစ်ရုံသည် ယနေ့ နိုဝင်ဘာ (၁၀) ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level 2 အဆင့်ဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဦးထွန်းညိုလမ်း၊ အကွက်အမှတ် ၁၃၉ ရှိအထည်ချုပ်စက်ရုံတစ်ရုံမှ နံနက် ၁၁ နာရီ ၁၈ မိနစ်တွင် မီးလောင်မှုဖြစ်ပွားခြင်းဖြစ်သည်။

“အခုတော့ မီးသတ်ကားတွေရောက်လာပြီး Level 2 အဆင့်နဲ့ ငြိမ်းသတ်နေပါတယ်၊ မီးထိန်းနိုင်ပါပြီ။ အထည်ချုပ်စက်ရုံက ပိတ်လိပ်တွေလောင်တာလို့ သိထားပါတယ်” ဟု ဖြစ်စဉ်အနီးတွင် နေသူတစ်ဦးက ပြောသည်။

ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် နယ်မြေခံမီးသတ်တပ်ဖွဲ့များ၊ Level 2 ယာဉ်အုပ်စုများနှင့် မီးသတ်ဗဟိုဌာနချုပ်မှ မီးသတ်ယာဉ်များ ထွက်ခွာငြိမ်းသတ်ခဲ့သည့်အတွက် ၁၁ နာရီ ၅၄ မိနစ်တွင် မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here