စာရေးဆရာ အကြည်တော်၏ နာရေးအခမ်းအနားကို ရေဝေးတွင် မနက်ဖြန် ပြုလုပ်မည်

0
404

ယမန်နေ့ညဦးပိုင်းက ကွယ်လွန်သွားသည့် စာရေးဆရာ အကြည်တော်၏ နာရေးအခမ်းအနားကို နိုဝင်ဘာ ၁၁ ရက်မွန်းလွဲပိုင်းတွင် ရေဝေးသုဿာန်၌ ပြုလုပ်မည်ဖြစ် ကြောင်း မိသားစုဝင်များထံမှ သိရသည်။

တောင်ဒဂုံနေအိမ်မှ မွန်းလွဲ (၂) နာရီတွင် ကားများ ထွက်မည်ဖြစ်ကြောင်း ဆရာအကြည်တော်၏ မိသားစုက အသိပေးထားသည်။

စာရေးဆရာ အကြည်တော်သည် အစာရေမြိုကင်ဆာရောဂါ ခံစားနေရပြီး ထိုင်းနိုင်ငံတွင် သွားရောက်ဆေးဝါးကုသမှု ခံယူကာ မြတ်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာစဉ် သတိလစ်မေ့မြောသွားသည့်အတွက် ပင်လုံဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူနေရာ နိုဝင်ဘာ (၉) ရက် ည (၈) နာရီခွဲတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ဆရာအကြည်တော်သည် မွေးချင်း (၇) ဦးအနက် (၆) ယောက်မြောက်သားဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၅၁) နှစ်ရှိပြီဖြစ်သည်။

ဟာသဝတ္ထုပေါင်း (၉၀) ဝန်းကျင်ကို ရေးသားအောင်မြင်ခဲ့ပြီး မကွယ်လွန်မီကာလအတွင်း သူ၏ကဗျာအသံ VCD ကို စီစဉ်ထုတ်ခဲ့သေးသည်။

နိုဝင်ဘာ(၁၁) ရက်မွန်းလွဲပိုင်းတွင် ရေဝေးသုဿာန်၌ ဂူသွင်းသင်္ဂြိုလ်မည်ဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

Photo _သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here