အီလွန်မတ်စ်နှင့် အခြားနိုင်ငံများကြားရှိ ဆက်ဆံရေးကို စောင့်ကြည့်သင့်ကြောင်း ဘိုင်ဒင်ပြော

0
209

ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အီလွန်မတ်စ်အား နိုင်ငံ့လုံခြုံရေးအတွက် အန္တရာယ်တစ်ရပ်အနေဖြင့် ရှုမြင်ပါသလားနှင့် မတ်စ်သည် ဆော်ဒီအာရေးဗျ လုပ်ငန်းစုကြီးတစ်ခုထံမှ အကူအညီဖြင့် တွစ်တာအား ဝယ်ယူထားသည့်အပေါ် အစိုးရအနေဖြင့် စုံစမ်းစစ်ဆေးသင့်သလားဟု ဘိုင်ဒင်အား မေးမြန်းခဲ့သည်။

“အီလွန်မတ်စ်ရဲ့ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ဒါမှမဟုတ် နည်းပညာဆိုင်ရာ ဆက်ဆံရေးထားရှိနေတာတွေကို စောင့်ကြည့်သင့်တယ်လို့ ထင်ပါတယ်။ သူမဟုတ်တာ လုပ်နေလို့ ဒီလိုပြောတာ မဟုတ်ပါဘူး။ သူတို့ဟာ စောင့်ကြည့်နေသင့်အထဲမှာ ပါတယ်လို့ပဲ အကြံပေးချင်တာပါ” ဟု ဘိုင်ဒင်က ဆိုသည်။

တွစ်တာအား မတ်စ်က ဝယ်ယူခဲ့ပြီးနောက် ၎င်းကုမ္ပဏီ၏ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူမှာ ဆော်ဒီမင်းသား အယ်လ်ဝါလီ့ ဘင်တလား နှင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ဖြစ်ကြောင်း ပေါ်ထွက်လာခဲ့သည်။

အမေရိကန် အထက်လွှတ်တော်အမတ် နှစ်ဦးကလည်း တွစ်တာသဘောတူညီချက်အား အိတ်သွန်ဖာမှောက် ပြန်လည်စစ်ဆေးရန် ပြီးခဲ့သည့်အပတ်က တောင်းဆိုခဲ့သည်။

Source:The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here