မြန်မာ-ရုရှား နှစ်နိုင်ငံကြား ကုန်သွယ်မှုပိုမိုတိုးမြှင့်နိုင်ရန်ဆွေးနွေး

0
253

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးနှင့်ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး မစ္စတာ အလက်ဇန်းဒါး ဆာဂီးအ်ဗစ်ရှ် ရှာတီရော့ဗ် တို့တွေ့ဆုံစဥ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ နိုဝင်ဘာ ၉ ရက်နံနက် ၈ နာရီက တွေးဆုံခဲ့ကြခြင်းဖြစ်သည်။

မြန်မာ-ရုရှား နှစ်နိုင်ငံကြား ကုန်သွယ်မှုပိုမိုတိုးမြှင့်နိုင်ရေး မြန်မာနိုင်ငံမှတင်ပို့ရန် အလားအလာရှိသည့် ကုန်ပစ္စည်းများပိုမိုတင်ပို့နိုင်ရေး၊တင်ပို့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်စံချိန်စံညွှန်းများအားဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များကြား ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေးနှင့်နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here