ကမ္ဘာ့မြစ်ဝကျွန်း ပေါ်မြို့ကြီးများပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ ဖြိုးရေးဆိုင်ရာညီလာခံကျင်းပ​နေ

0
1750

ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးသည် တရုတ်နိုင်ငံ၊တုန့်ရင်မြို့တော်ဝန်၏ ဖိတ်ကြားချက်အရ နိုဝင် ဘာ ၁၀ ရက်(ယနေ့)နံနက် ၉ နာရီ ၂၀ မိနစ်က ရှန်တုန်းပြည်နယ်၊တုန့်ရင်မြို့၌ကျင်းပသည့် ကမ္ဘာ့မြစ်ဝကျွန်းပေါ်မြို့ကြီးများ ပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာညီလာခံသို့ Online မှတဆင့်တက်ရောက်ခဲ့သည်။

ညီလာခံသည် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာ ဂတ်တွင် အသုံးပြုနိုင်ရန်အဆင့်မြင့် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာအတွေးအခေါ်၊ နည်းလမ်းနှင့်ပုံ စံများကိုဆွေးနွေး၍ ကမ္ဘာပေါ်ရှိ မြစ်ဝကျွန်းပေါ်မြို့များကြား ပူးပေါင်းဆောင်ရွက်ရေးနှင့်သင်ယူလေ့လာမှုများမြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုသို့ တက်ရောက်ရာတွင် ရန်ကုန်မြို့၏သ မိုင်းနောက်ခံ၊တည်နေရာ၊ပထဝီဝင်နှင့်ရာသီဥတုအခြေအနေ၊မြစ်ကြီးများနှင့်ရေပေးဝေမှုစနစ်များ၊ရန်ကုန်မြို့၏ ထင်ရှားသည့် ဝိသေသလက္ခ ဏာများ၊စီးပွားရေး၊စက်မှုလုပ်ငန်း၊လမ်းပန်း ဆက်သွယ်ရေး၊ပညာရေး၊လူမှုရေးဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံ၊ရှန်တုန်းပြည်နယ်ပြည်သူ့အစိုးရ၊တရုတ်နှင့်ပြည်ပနိုင်ငံများကြား ချစ်ကြည်ရေးတည် ထောင်မှုဆိုင်ရာ တရုတ်ပြည်သူများအဖွဲ့အစည်းနှင့်တရုတ်ရေအရင်းအမြစ်ဝန်ကြီးဌာန၊မြစ်ဝထိန်းသိမ်းစောင့်ရှောက်ရေးကော်မရှင်တို့ ပူးပေါင်းကျင်းပ​သော ထိုညီလာခံကို နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here