ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ အမှုနှစ်ခုထပ်တိုးဖွင့်လှစ်ခံရ

0
1189

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် ထောင် ဒဏ် ၃ နှစ်ချမှတ်ခံထားရသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌမဆုရည်လင်းသည် အမှုနှစ်မှုဖြင့် ထပ်တိုးဖွင့်လှစ်ခံ ထားရသည်ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှသိရသည်။

ထိုသို့ ထပ်တိုးအမှုဖွင့်လှစ်ခံခဲ့ရပြီးနောက် သမဂ္ဂဥက္ကဋ္ဌမဆုရည်လင်းအား နိုဝင်ဘာ ၉ ရက်က အကျဥ်းထောင်တွင်းတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်ဟု သိရသည်။

သမဂ္ဂဥက္ကဋ္ဌမဆုရည်လင်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၆၈ တို့ဖြင့် ထပ်တိုးအမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သိရသည်။

နစက ၏လုံခြုံရေးအဖွဲ့ဝင်များက သမဂ္ဂဥက္ကဋ္ဌမဆုရည်လင်းအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က ရန်ကုန်မြို့ရှိ ဆန္ဒပြပွဲတစ်ခုသို့အသွားတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo-ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ


LEAVE A REPLY

Please enter your comment!
Please enter your name here