ထိုင်းနိုင်ငံသို့ အလည်အပတ်လာရောက်မည့်သူများ ကြိုတင်ပြင်ဆင်လာရမည့်အချက်များကို မြန်မာသံရုံး အသိပေး

0
421

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့လာရောက်သည့် မြန်မာနိုင်ငံသားအချို့ ပြန်လည်စေလွှတ်ခြင်းခံနေရသဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဗန်ကောက်မြို့က နိုဝင်ဘာ ၁၀ ရက်(ယနေ့)တွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသို့ အကြောင်းကိစ္စအမျိုးမျိုးကြောင့် လေကြောင်းခရီးဖြင့် အလည်အပတ်ခရီးလာရောက်မည့် မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံသို့ အပြန်ခရီးစဉ်လေယာဉ်လက်မှတ်အား ကြိုတင်ပြင်ဆင်လာကြရန် အသိပေးခဲ့သည်။

ထို့ပြင် ထိုင်းဘတ်ငွေ ၁၀၀၀၀ နှင့်ညီမျှသည့် အမေရိကန်ဒေါ်လာ၊ ထိုင်းနိုင်ငံ၌တည်းခိုမည့် ဟို တယ်စီစဉ်ထားမှု အထောက်အထားများကိုလည်း ကြိုတင်ပြင်ဆင်လာရမည်ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း မိတ်ဆွေ၏နေအိမ်၌ တည်းခိုမည်ဆိုပါက ထိုမိတ်ဆွေမှဖိတ်ကြားထားသည့် စာ(စာတွင် ဖိတ်ကြားသည့် မိတ်ဆွေ၏အမည်၊ အလုပ်အကိုင်၊နေရပ်လိပ်စာအပြည့်အစုံ၊ဖုန်းနံပါတ်)တို့အား ဖော်ပြထားရမည်ဖြစ်သည်။

ထိုင်းနိုင်ငံ လေဆိပ် လဝကမှ လိုအပ်၍ အိမ်ရှင်ထံ ဖုန်းဆက်မေးမြန်းပါက မှန်ကန်စွာဖြေဆိုနိုင်ရမည်ဟု မြန်မာသံရုံး၊ဗန်ကောက်မြို့က အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here