လျှပ်စစ်သုံးယာဉ်များတင်သွင်းရာတွင် အ ကောက်ခွန်နှုန်းထားအား သုည ရာခိုင်နှုန်းသို့လျော့ချသတ်မှတ်

0
429

လျှပ်စစ်သုံးယာဉ်များတင်သွင်းခြင်းနှင့်ပတ်သက် ၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးသည် အကောက်ခွန်နှုန်းဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(ဃ) အရ နိုဝင်ဘာ ၂ ရက်က အမိန့်ကြေညာစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်း အမိန့်ကြေညာစာသည် နိုဝင်ဘာ ၂ ရက်မှစတင်၍ ၂၀၂၃ ခုနှစ်၊မတ် ၃၁ ရက်အထိအကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များအသုံး ပြုမှုနှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ပြည်ပမှ Completely Built Up- CBU စနစ် Completely Knocked Down- CKD စနစ်နှင့် Semi-Knocked Down-SKD စနစ်တို့ဖြင့်တင်သွင်းသည့် လျှပ်စစ်ကား(BEV)များအတွက် မြန်မာ့အ ကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသည့် အကောက်ခွန်နှုန်းများကို ပြည်ထောင် စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ သုည ရာ ခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ခဲ့သည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

လမ်းပေါ်တွင်မောင်းနှင်နိုင်သည့် နောက်တွဲယာဉ်ကိုဆွဲသည့်ယာဉ်၊ ယာဉ်မောင်းအပါအဝင် ၁၀ ဦး (သို့) ၁၀ ဦးနှင့်အထက် စီးနင်းနိုင်သည့် ခရီးသည်တင်မော်တော်ယာဉ်၊ ကုန်တင်ယာဉ်၊ လူစီးယာဉ်၊ သုံးဘီးတပ်ယာဉ်(လူစီး)၊ သုံးဘီးတပ်ယာဉ်(ကုန်တင်)၊ လူစီးနှစ်ဘီးတပ်လျှပ်စစ်မော်တော်ဆိုင် ကယ်၊ လူစီးနှစ်ဘီးတပ် လျှပ်စစ်စက်ဘီး၊ လူနာ တင်ယာဉ်၊ ထောင်ကား၊ နိဗ္ဗာန်ယာဉ်တို့အား သုည ရာခိုင်နှုန်းသို့လျော့ချသတ်မှတ်ပေးခဲ့ခြင်းဖြစ် သည်။

အဆိုပါ လျှပ်စစ်ကားများဖြင့်ပတ်သက်၍ လျှပ် စစ်စွမ်းအားဝန်ကြီးဌာန၏ တင်သွင်းခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာထောက်ခံချက်ပါရှိသည့် လျှပ်စစ်သုံးယာဉ်များ၏ ဆက်စပ်ပစ္စည်းများ(ဥ ပမာ-အားသွင်းရုံဆိုင်ရာပစ္စည်းများအားသွင်းစ နစ်ဆိုင်ရာပစ္စည်းများ)နှင့်စက်မှုဝန်ကြီးဌာန၏ တင်သွင်းခြင်းအတွက် ထောက်ခံချက်ပါရှိသည့် လျှပ်စစ်သုံးယာဉ်များ၏ အပိုပစ္စည်းများကိုလည်း သုည ရာခိုင်နှုန်းသို့ လျော့ချသတ်မှတ်ပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here