ဂျီ ၂၀ သို့ ပူတင်အစား ဆာဂေး လာရော့ဗ် တက်ရောက်မည်

0
202

ဂျာကာတာ၊ နိုဝင်ဘာ ၁၀

လာမည့်အပတ်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသွားမည့် ဂျီ ၂၀ ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးသို့ ပူတင် တက်ရောက်မည် မဟုတ်ကြောင်း အင်ဒိုနီးရှားရှိ မော်စကိုသံရုံးက နိုဝင်ဘာလ ၁၀ ရက် ကြာသပတေးနေ့တွင် ပြောခဲ့သည်။

“နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရောဗ့်က ဂျီ ၂၀ မှာ ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားမယ်ဆိုတာကို ကျွန်တော် အတည်ပြုနိုင်ပါတယ်။ သမ္မတ ပူတင်ရဲ့ အစီအစဉ်ကို အကောင်အထည် ဖော်နေတုန်းပါပဲ၊ သူလည်း အွန်လိုင်းကနေ တစ်ဆင့် ပါဝင်နိုင်မှာပါ” ဟု သံရုံး၏ သံတမန်‌ေရးရာ ဌာနအကြီးအကဲ Yulia Tomskaya က ဆိုသည်။

ဘာလီပွဲနှင့် ပတ်သက်သော ရုရှား၏ အစီအစဉ်များကို သိရှိနေသည့် သတင်းရင်းမြစ်ကလည်း ပူတင်အစား လာရောဗ့် တက်ရောက်မည်ကို အတည်ပြုခဲ့သည်။ ပူတင်သည် အစည်းအဝေးပွဲသို့ အွန်းလိုင်းမှတစ်ဆင့် တက်ရောက်မည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြောသည်။

ယူကရိန်းသမ္မတ ဇလန်းစကီးလည်း ထိုဆွေးနွေးပွဲသို့ အွန်းလိုင်းမှ တစ်ဆင့် တက်ရောက်သွားရန် မျှော်မှန်းထားသည်။

source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here