YBS ယာဉ်စီးနင်းနေရသည့် ပြည်သူများ၏ လုံခြုံမှုအတွက် ဝာာဝန်အရှိဆုံးဖြစ်သည့် YRTC နှင့် ရဲတပ်ဖွဲ့၏ တာဝန်ယူမှု တာဝန်ခံမှုအပေါ်  ပြည်သူများမေးခွန်းထုတ်

0
276

ရန်ကုန်မြို့တွင်းရှိ YBS ယာဉ်များပေါ်တွင် လုယက်အကြမ်းစီး ဓါးပြတိုက်ခြင်းနှင့် ခါးပိုက်နှိုက်ခြင်းဖြစ်စဉ်များဖြစ်ပွားနေသည့်အပေါ်  အကာအကွယ်ပေးမှုမရှိသည့်  ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အပေါ်  ခရီးသွားပြည်သူက မေးခွန်းထုတ် ဝေဖန်မှုများ ရှိနေသည်။

လက်တလောတွင် ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ယာဉ်များပေါ်၌ အုပ်စုဖွဲ့ အနုကြမ်းစီး ဓါးပြတိုက်ခြင်းနှင့် ခါးပိုက်နှိုက်ခြင်းများ နေ့စဉ်နီးပါးဖြစ်ပွားနေသော်လည်း တာန်ရှိအဖွဲ့အစည်းများ၏ ဖြေရှင်းဆောက်ရွက်မှု အားနည်းချက်များအပေါ် ခရီးသွားပြည်သူက မေးခွန်းထုတ်နေကြခြင်းဖြစ်သည်။

ရန်ကုန်မြို့အတွင်း ခရီးသည်တင်ယာဉ်စီးနင်သူ ပြည်သူ များအနေဖြင့် လုံခြုံစိတ်ချရမှုကို ခြိမ်းခြောက်နေသည်မှာ အချိန်ကာလ ကြာမြင့်နေပြီဖြစ်သော်လည်း လက်တလောတွင် ပိုမိုဆိုးရွားလာပြီး တုတ်၊ ဓါး၊ လက်နက်ကိုင်ဆောင်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်သည်အထိ အုပ်စုဖွဲ့ရမ်းကားမှုများ ပိုမိုများပြားလာကြောင်း ပြည်သူအများစုက သုံးသပ်ကြသ ည်။

အဆိုပါဖြစ်စဉ်များ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ YBS ယာဉ်လိုင်းများအပါအဝင် ရန်ကုန်တိုင်းအတွင်း ခရီးသွားသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် တာဝန်အရှိဆုံးဖြစ်သည့် (YRTC)အနေဖြင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်သည့် ဦးလျန်ကျင့်မန်ထံ  ပေါ်ပြူလာနယူး(စ်) က ဆက်သွ ယ်မေးမြန်းသောအခါ မဖြေနိုင်သေးကြောင်းသာ ပြန်လည်ပြောကြားခဲ့သည်။

” ကျွန်တော် အဲဒီကိစ္စ မပြောချင်သေးဘူး။ အခုဖြစ်နေတဲ့ကိစ္စ။ ရဲကိုပဲ ​မေးလိုက် ၊ ကျွန်တော် မပြောချင်ဘူး ” ဟု ဦးလျန်ကျင့်မန်က ပြန်လည်ပြောကြားသည်။

လက်ရှိဖြစ်ပွားနေသည့် အနုကြမ်းစီး၊ ဓါးပြတိုက်မှုအပါ အဝင် ခရီးသွားပြည်သူဘဝ မလုံခြုံမှုများမှာ သက်ဆိုင် ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ရဲတပ်ဖွဲ့က စနစ်တကျ ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် ဖြစ် ကြောင်း Omni Focus ယာဉ်လိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းတောက်ဝင်းက ပြောသည်။

” ရဲတင်းလာတယ်ဆိုတာကလည်း ကြပ်ကြပ်မတ်မတ်နဲ့ သေသေချာချာ စနစ်တကျ ထိထိရောက်ရောက်မလုပ်တဲ့အတွက် အဲဒီလို ဖြစ်တာပေါ့ဗျာ။ အစကတည်းကသာ လုပ်မယ်ဆိုရင် ဒီလောက်အထိ ဖြစ်စရာအကြောင်းမရှိဘူးဗျာ။ တော်တော်ကြီးကို ဆိုးဆိုးရွားရွား အခြေအနေဖြစ်နေတာပေါ့ဗျာ။ ကျွန်တော်တို့ ယာဉ်လိုင်းမှာတော့ မဖြစ်သေးဘူး။ သို့သော်လည်းပဲ ကြားနေရတယ်၊ မြင်နေရတယ်၊ တွေ့နေရတယ်။ ခရီးသည်တွေအတွက်လည်း လုံ ခြုံမှုမရှိဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု ကိုထွန်း တောက်ဝင်းက ပြောသည်။

သက်ဆိုင်ရာ နယ်မြေ ရဲတပ်ဖွဲ့များအနေဖြင့် YBS များပေါ်တွင် အသွင်ယူ လိုက်ပါစီးနင်းကာ ခိုးဆိုးလုနှိုက် ကျူးလွန်နေသူများကို ဖမ်းဆီး အရေးယူမှုများ လုပ် ဆောင်သင့်ကြောင်းလည်း ၎င်းကဆိုသည်။

” ကျွန်တော်ဖြစ်စေချင်တာကတော့ ပြည်သူလူထုလည်း ပူးပေါင်း ပါဝင်ပြီး လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူးဗျာ။ သူသူကိုယ်ကိုယ် အသက်အန္တရာယ်တော့ ကြောက်ကြတယ် ။ ယာဉ်မောင်းလည်း ယာဉ်မောင်း အလျှောက်ပေါ့။ ဒါတွေကို ကျဆင်းစေချင်တယ်ဆိုရင် သက်ဆိုင်ရာ နယ် မြေရဲစခန်းတွေ၊ နယ်ထိန်းတွေ၊ အသွင်ယူထားတဲ့သူတွေအများကြီးရှိပါတယ်။ ကားပေါ်မှာ လိုက်စီး ၊ လိုက်ကြည့်ပြီးတော့ ကြပ်ကြပ်မတ်မတ်လေး လုပ်နိုင်တော့ တဖြေး ဖြေးတော့ လျှော့နည်းသွားမယ်လို့ ထင်ပါတယ်” ဟု ကိုထွန်းတောက်ဝင်းက ပြောသည်။

လက်ရှိတွင် YBS ယာဉ်များပေါ်၌  ဖြစ်ပွားနေသည့် အုပ်စုဖွဲ့အနုကြမ်းစီးခြင်း၊ ဓါးပြတိုက်ခြင်း ဖြစ် စဉ်များမှာ ရန် ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အင်းစိန် အစရှိသည့် မြို့ နယ်များသို့ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများပေါ်တွင် အများဆုံး ဖြစ် ပွားလေ့ရှိပြီး ယခုရက်ပိုင်းအတွင်း ပိုမိုဖြစ်ပွားလျက်ရှိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၆) ရက် နှင့် (၈) ရက်နေ့တို့တွင် ရန်ကုန်မြို့တွင်းနှင့် လှိုင်သာယာမြို့နယ်သို့ ပြေးဆွဲနေသည့် YBS ၆၁ ယာဉ်လိုင်းတွင် အုပ်စုဖွဲ့ အနုကြမ်းစီးမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး  ရွှေနှင့် ငွေထည်ပစ္စည်များ၊ ဖုန်းများ လုယက်ခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး တရားခံ (၈) ဦးကို ပြစ်မှုကျူးလွန်စဉ်အသုံးပြုခဲ့သည့် တက္ကစီယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here